နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က(၇၁)ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေညီလာခံတွင် မိန့် ခွန်းပြောကြားရာ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်အရေးတို့ကို အလေးထား၍ ထည့်သွင်း ပြောကြားသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်နိုင်ငံ နယူး ယောက်မြို့သို့ ရောက်ရှိနေပြီး နောက် စက်တင်ဘာ ၂၁ ရက် ညပိုင်းက ကုလသမဂ္ဂ ဌာနချုပ် တွင် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ် သည်။ မြန်မာအမျိုးသမီးများထဲ တွင်ပထမဆုံးကုလသမဂ္ဂ အထွေ ထွေညီလာခံ၌ မိန့်ခွန်းပြောကြား ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အနီ ရောင်ဝတ်စုံ ၀တ်ဆင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်သည် မိန့် ခွန်းကို ကျစ်လျစ်စွာ ၁၄ မိနစ် ခန့်ကြာ ပြောကြားခဲ့သည်။
အရပ်သားအစိုးရကဆောင် ရွက်သော ငြိမ်းချမ်းရေးလုပ်ငန်း စဉ်၊ ရခိုင်ပြည်နယ်အခြေအနေ၊ အမျိုးသားရင်ကြား စေ့ရေးလုပ် ငန်းစဉ်တို့ကို အလေးပေး ပြော ကြားခဲ့သည်။ နိုင်ငံတကာရေးရာ များတွင် ကမ္ဘာတစ်ဝန်းရင်ဆိုင် နေရသော ရွှေ့ပြောင်းနေထိုင်သူ များအရေး၊ အကြမ်းဖက်မှု တိုက် ဖျက်ရေး၊ နျူကလီးယားဖျက်သိမ်း ရေး စသည်တို့နှင့် ပတ်သက်၍ လည်း ပြောကြားသွားသည်။
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အစိုးရ၏အဓိကအကျဆုံး ဦးစား ပေး အကောင်အထည်ဖော်နေ သည့် ကိစ္စဖြစ်ကြောင်းလည်း ထပ်မံအတည်ပြုခဲ့သည်။
‘‘ကျွန်မတို့ရဲ့ ပြည်သူတွေ ဟာ ပြီးခဲ့တဲ့နိုဝင်ဘာ ရွေးကောက် ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို အပြတ်အသတ်အနိုင်ရ အောင် ထောက်ခံမဲ ပေးခဲ့ကြ တယ်။ သူတို့ဟာ နိုင်ငံရေးပါတီ တစ်ခုကို ထောက်ခံတာမျိုးတင် မကဘဲ ပြည်သူတွေရဲ့ အခွင့် အရေး၊ စွမ်းဆောင်ရည်တွေအ ပေါ် ယုံကြည်မှုရှိရှိနဲ့ နိုင်ငံရဲ့အနာ ဂတ်ကို သူတို့စိတ်ကူးအိပ်မက် ထားသလို၊ ရည်မှန်းထားသလို ပုံ သွင်းတည်ဆောက်နိုင်မယ့် နိုင်ငံ ရေး ယဉ်ကျေးမှုတစ်ရပ်ကို ထူ ထောင်ခဲ့တာ ဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစု ကြည်က ‘‘ပြည်တွင်း လက်နက် ကိုင် ပဋိပက္ခတွေနဲ့ ဆယ်စုနှစ် ခြောက်ခုစာလောက် ကြုံတွေ့ခဲ့ ရတဲ့ နိုင်ငံတစ်ခုအတွက် ငြိမ်းချမ်း ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ထက် ပိုပြီးအလေးထား ဖော် ဆောင်ရမယ့်ကိစ္စ မရှိတော့ပါ ဘူး။ ဒါဟာ မြန်မာအစိုးရသစ်အ တွက် စိန်ခေါ်မှုကြီးမားပေမယ့် ဦး စားပေး လုပ်ဆောင်သွားရမယ့် ကိစ္စလည်းဖြစ်ပါတယ်။ မကြာ သေးခင်က ကျွန်မတို့အနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံလို့ ခေါ်ဆိုတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီ လာခံကြီးရဲ့ ပထမအဆင့် ဆွေး နွေးမှု အစီအစဉ်တွေကို ပြုလုပ်ခဲ့ ပြီး ဖြစ်ပါတယ်’’ ဟု ပြောကြားခဲ့ သည်။
‘‘ညီလာခံ ကျင်းပရုံနဲ့ ဒီလုပ် ဆောင်မှုတွေ ပြီးဆုံးမှာမဟုတ်ပါ ဘူး။ ဒါဟာ ကျွန်မတို့ဦးတည်နေ တဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်မှာ အရမ်းအရေးပါတဲ့ ပထမ ခြေလှမ်းသာဖြစ်ပါတယ်။ တည်မြဲတဲ့ ငြိမ်းချမ်းရေးကသာ နောက်မျိုးဆက်တွေ အနေနဲ့ ညီ ရင်းအစ်ကိုကြား သွေးကွဲမှုရဲ့ ဆိုး ကျိုးတွေကို ရှောင်လွှဲနိုင်မှာဖြစ်ပါ တယ်။ ဒီလို ပဋိပက္ခတွေဟာ ကျွန်မတို့ ပြည်သူတွေအတွက် ပြောမပြနိုင်လောက်အောင် ဝမ်း နည်းကြေကွဲရတဲ့ ဖြစ်ရပ်တွေပါ ပဲ’’ ဟုလည်း ဒေါ်အောင်ဆန်းစု ကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမျိုး နွယ်စုများနှင့် ပတ်သက်သည့် အခြေအနေများအတွက် နိုင်ငံ တကာ၏ အမြင်ကွဲပြားမှုများကို လည်း အကောင်းဆုံးကိုင်တွယ် ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည် ကြောင်း ထည့်သွင်းပြောဆို ခဲ့သည်။
‘‘ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ရခိုင်ပြည်နယ် အခြေအနေကို အတော်လေး အာရုံစိုက်မှုတွေ ရှိ
လာပါတယ်။ ကျွန်မတို့ အနေနဲ့၊နိုင်ငံတကာအလယ်မှာ တာဝန်သိနိုင်ငံတစ်နိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ အမြင်မရှင်းမှုတွေကို မတုန်လှုပ်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်ထဲက လူ့အသိုက်အဝန်း အားလုံးအတွက် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးမှု တွေဆီ ဦးတည်မယ့် အသင့်တော် ဆုံး ဖြေရှင်းမှုတစ်ခုကို ဖော်ထုတ် ဖို့ ကျွန်မတို့ အာရုံစိုက်လုပ်ဆောင် နေပါတယ်။ မြန်မာအစိုးရအနေနဲ့ အပြန်အလှန်နားလည်မှုနဲ့ ယုံ ကြည်မှုတွေကို မြှင့်တင်ပေးနိုင်ဖို့ ပြဿနာတိုင်းကို အသေးစိတ် ဆန်းစစ်လေ့လာပြီး ရေတို၊ ရေ ရှည် အစီအစဉ်တွေ ချမှတ်ဆောင် ရွက် ကိုင်တွယ်သွားမှာ ဖြစ်ပါ တယ်’’ ဟုလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသွားသည်။
ထို့အပြင် ရခိုင်ပြည်နယ်အ ရေးနှင့်ပတ်သက်၍ ဒေသဖွံ့ဖြိုး တိုးတက်မှုကို ဗဟိုပြုသည့် ဘက် စုံထောင့်စုံပါဝင်သည့် ချဉ်းကပ်မှု ဖြင့် စတင်ခဲ့ကြောင်း၊ ရခိုင်ပြည် နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ ဖြိုးတိုးတက်ရေး အကောင်အ ထည်ဖော်ရေး ဗဟိုကော်မတီကို တည်ထောင်ခဲ့ကြောင်း၊ ကုလအ တွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာ နန် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ငြိမ်းချမ်းရေးအကြံပေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မရှင်နှင့်ပတ်သက်၍ ကန့် ကွက်မှုအချို့ရှိသော်လည်း ပြည် နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုး အောင် ဆောင်ရွက်မည့် အ ကြောင်းများကို ရှင်းလင်းပြော ကြားခဲ့သည်။
‘‘ဒီနေရာမှာ နိုင်ငံတကာ အ သိုင်းအ၀ိုင်းရဲ့ နားလည်မှုနဲ့ အပြု သဘောဆောင်တဲ့ ပါဝင်ကူညီမှု တွေကို တောင်းခံနိုင်မယ့် အခွင့် အလမ်းကို ကျွန်မရယူချင်ပါ တယ်။ မလိုလားတဲ့၊ သည်းမခံ တဲ့ အင်အားစုတွေကို ဆန့်ကျင်ပြီး မြဲမြဲမြံမြံ ရပ်တည်ပြီးတော့ လူ သားတို့ရဲ့ ဂုဏ်သိက္ခာနဲ တန်ဖိုး တွေ၊ အခြေခံကျတဲ့ လူ့အခွင့်အ ရေးတွေကို ကျွန်မတို့ ယုံကြည် တယ်ဆိုတာ ထပ်ပြီးခိုင်မာအောင် လုပ်ပါမယ်’’ ဟု ၎င်းက ရှင်းလင်းပြတ်သားစွာ ပြောခဲ့သည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment