Wednesday, September 14, 2016

နည်းပညာအခက်အခဲကြောင့် ကျူးကျော်နေထိုင်သူ စာရင်းကောက်ယူမှုကို ခေတ္တရပ်ဆဲထား

နည်းပညာအခက်အခဲကြောင့် ကျူးကျော်နေထိုင်သူ စာရင်းကောက်ယူမှုကိုခေတ္တရပ်ဆဲထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့ရုံးတာဝန်ရှိသူတွေထံက သိရပါတယ်။

နယ်ပယ်စုံပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ပြည်သူကိုယ်စားပြုအသင်းတွေက အဖွဲ့ဝင် တွေပါဝင်တဲ့စာရင်းကောက်ခံရေးအဖွဲ့အနေဖြင့် အခုလ ၂ ရက်နေ့ကစတင်ပြီး ဒဂုံမြို့သစ်တောင်းပိုင်းရှိ ရပ်ကွက်တွေမှာ ကျူး ကျော်စာရင်းကောက်ခံမှုတွေပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ထိုကဲ့သို့စာရင်းကောက်ခံရမှာ ကွန်ပျူတာဖြင့်အချက်အလက်ရေးသွင်းရာမှာ အချိန်ကျန့်ကြာမှုတွေရှိနေခြင်း စာရင်းပေးသွင်းဦး ရေတိုးပွားခြင်း၊ အချိန်ကိုက်ပေါ်လာတဲ့ အကြံသမားတွေလည်းရှိနေတာကြောင့် ပိုမိုတိကျသေချာတဲ့ စာရင်းကောက်ယူမှုတွေပြု လုပ်နိုင်ဖို့ တိုင်းအစိုးရအဖွဲ့ကစာရင်းကောက်ယူမှုခေတ္တရပ်နားထားတာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ထံ
က သိရပါတယ်။

တိုင်းအစိုးရအဖွဲ့အနေနဲ့ မြို့တွင်းကနေစရာအခက်အခဲရှိတဲ့ ကျူးကျော်နေထိုင်သူတွေရဲ့ စာရင်းအတိအကျကောက်ခံပြီး မြို့ပြ စီမံကိန်းအသွင်ဖြင့် အကောင်အထည်ဖော်ကာ ကျူးကျော်ပြဿနာကို ဖြေရှင်းနိုင်ဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။

လက်ရှိကျူးကျော်စာရင်းကောက်ခံရမှာ နေစရာမရှိကျူး၊ အခြင်းခြင်းပြန်လည်ဌားရမ်းထားသူ၊ စီးပွားဖြစ်ကျူးကျော်သူ၊ မင်းမဲ့စ ရိုက်ကျူးကျော်ထားသူနဲ့ အသိအမှတ်ပြုကျူးကျော်နေထိုင်သူဟူ၍ အမျိုးအစားခွဲပြီးစာရင်းကောက်ခတာဖြစ်ပြီး ထိုကဲ့သို့စာရင်း ကောက်ခံမှုကို အနှောက်အယှက်ပြုသူတွေကိုအရေးယူဖို့ကိုလည်း တိုင်းဝန်ကြီးချုပ်က သတိပေးပြောဆိုထားပါတယ်။

ရန်ကုန်ကျူးကျော်ပြဿနာကိုပြေလည်စေဖို့ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက်အလုပ်ကိုင်အခွင့်အလမ်းပေါ်ပေါက်နိုင်တဲ့ စီး ပွားရေးဇုန်တွေ စက်မှုဇုန်တွေ ခွဲဝေတည်ထောင်ဖို့ မြို့ပြပညာရှင်တွေက အကြံပြုထားပြီး အလျင်အမြန်အကောင်အထည်ဖော်ဖို့ ကိုလည်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။

လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာ ကျူးကျော်အိမ်ထောင်စုပေါင်း တစ်သိန်းခြောက်သောင်းအထက်မှာရှိနေတယ်လို့ တိုင်းအစိုးရ အဖွဲ့နဲ့ စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတွေရဲ့ပြောဆိုမှုအရသိရပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment