Monday, September 12, 2016

တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း ၄၄ ခုအနက် ငါးခုသာ နိုင်ငံတော်ငွေကုန်ကျမည်ဖြစ်

လျှပ်စစ်ဓာတ်အားဖူလုံ ရေးအတွက် ရေအားလျှပ်စစ်စီမံ ကိန်း ၄၄ ခုတည်ဆောက်ရန်ရှိ သော်လည်း နိုင်ငံတော်၏ ရင်းနှီး မြှုပ်နှံမှုဖြင့် လုပ်ကိုင်မည့် ရေအား လျှပ်စစ်စီမံကိန်း ငါးခုသာရှိ ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါ စီမံကိန်းများတွင် နားလည်မှုစာချွန်လွှာရေးထိုးထား သည့် ရေအားလျှပ်စစ်စီမံကိန်း ပေါင်း၂၁ ခုရှိပြီး စီမံကိန်းအ ကောင်အထည်ဖော်ရန် MoA လက်မှတ်ရေးထိုးသည့် စီမံကိန်း ၁၂ ခုရှိသည်။ အစိုးရကိုယ်တိုင် အကောင်အထည်ဖော်မည့် စီမံ ကိန်း ငါးခုရှိပြီး အစိုးရ၊ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်မည့် စီမံကိန်း ခြောက်ခုရှိသည်။

တရုတ်ကုမ္ပဏီများ လုပ် ကိုင်ခွင့်ရရှိထားသော ရေအား လျှပ်စစ်စီမံကိန်း ၂၉ ခုရှိပြီး လာ မည့်အစိုးရသစ်လက်ထက်တွင် အကောင်အထည်ဖော်မည့် စီမံ ကိန်း ၁၈ ခုရှိသည်။
နိုင်ငံတော် ငွေကြေးဖြင့်လုပ် ဆောင်မည့် စီမံကိန်းများမှာ အ လယ်ပေါင်းလောင်းရေအားလျှပ် စစ်စီမံကိန်း၊ ရွှေလီ (၃) ရေအား လျှပ်စစ်စီမံကိန်း၊ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း၊ သူဌေး ရေအားလျှပ်စစ်စီမံကိန်းနှင့် အ ထက်ကျိုင်းတောင်း ရေအားလျှပ် စစ်စီမံကိန်းတို့ဖြစ်သည်။
အကောင်အထည်ဖော်မည့် ရေအားလျှပ်စစ်စီမံကိန်းများရှိ သည့် မြို့နယ်များမှာ ပျဉ်းမနား၊  မိုးမိတ်၊ ကျောက်မဲ၊ သံတွဲနှင့် မိုးနဲမြို့နယ်များဖြစ်ပြီး ရေအား လျှပ်စစ်စီမံကိန်း၏ တမံအမျိုးအ စားမှာ ကွန်ကရစ်စီမံကိန်းသုံးခု နှင့် ကျောက်ဖြည့်စီမံကိန်းနှစ်ခု ဖြစ်သည်။
အဆိုပါစီမံကိန်းငါးခုကို ရေ အားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာနက ငါးနှစ်မှ ဆယ့်ငါးနှစ်အတွင်း အပြီးသတ် တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း ငါးခု၏ လျှပ်စစ်ဓာတ်အားထုတ် လုပ်နိုင်မှုအခြေအနေမှာ ၁,၅၉၂ မဂ္ဂါဝပ်ခန့်ရှိသည်။
သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းတွင် လျှပ်စစ်ဓာတ် အားထုတ်လုပ်ရန် လက်မှတ်ရေး ထိုးပြီးသား ရေအားလျှပ်စစ်စီမံ ကိန်းများစတင်နိုင်ခြင်း မရှိသော် လည်း နိုင်ငံတော်က ငွေကုန်ကြေး ကျခံကာ စီမံကိန်းငါးခုကို စတင် တည်ဆောက်နေပြီဖြစ်သည်။
လုပ်ငန်းပြီးစီးမှုအခြေအနေ သည် ၂ ရာခိုင်နှုန်းနှင့် ၄ ရာခိုင် နှုန်းကြားသာရှိသေးပြီး လာမည့် ငါးနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့် ထားသော အလယ်ပေါင်းလောင်း စီမံကိန်း ပြီးစီးမှုအခြေအနေမှာ ၂ ရာခိုင်နှုန်းခန့်သာရှိသေးသည်။
၂၀၂၃-၂၀၂၄ တွင် ပြီးစီး နိုင်မည်ဟု မျှော်မှန်းထားသော သံတွဲမြို့နယ် သူဌေးရေအားလျှပ် စစ်စီမံကိန်း လုပ်ငန်းပြီးစီးမှုသည် ၄၂ ရာခိုင်နှုန်းခန့်ရှိနေပြီး စီမံ ကိန်းငါးခုတွင် လုပ်ငန်းပြီးစီးမှု အခြေအနေမှာ ထက်ဝက်ခန့်ရှိ နေခြင်းဖြစ်သည်။ လာမည့် ၂ နှစ်အတွင်း ပြီးစီးမည်ဟု လျာ ထားသော ကျောက်မဲမြို့နယ်ရှိ အထက်ရဲရွာစီမံကိန်းထက် ပြီး စီးမှုမြန်ဆန်နေသည်။ လာမည့် ၂ နှစ်အတွင်း ပြီးစီးမည်ဟု ခန့်မှန်း ထားသော အဆိုပါစီမံကိန်း၏ လုပ်ငန်းပြီးစီးမှုအခြေအနေ ၂၅ ရာခိုင်နှုန်းသာ ရှိသေးသည်။
နိုင်ငံခြားကုမ္ပဏီများနှင့် လုပ် ဆောင်မည့် စီမံကိန်းအများစု သည် သံလွင်မြစ်ပေါ်တွင် အ ကောင်အထည်ဖော်မည်ဖြစ်ပြီး ကျန်စီမံကိန်းများသည် ဧရာဝတီ မြစ်အတွင်း စီးဝင်သည့် မေခမြစ် ၏ မြစ်လက်တက်၊ နန့်ပလွေမြစ်၊ နန့်မမြစ်နှင့် ရွှေလီမြစ်ပေါ်တွင် အကောင်အထည်ဖော်မည့် စီမံ ကိန်းများဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment