အိမ်ရာတည်ဆောက်မှုလုပ်ငန်းများ အပြည်အ၀ပြီးစီးနေပေမယ့် ရေ၊လျှပ်စစ်မီးစတဲ့ အခြေခံအဆောက်အအုံ ဆိုင်ရာ လိုအပ်ချက်တစ်ခုရှိနေတာကြောင့် နေအိမ်များအဆင့်သင့်ဖြစ်နေပေမယ့် လူနေထိုင်ခွင့်ကြာမြင့်နေ တာဖြစ်ပါတယ်။
“ အခုရေတို့၊လျှပ်စစ်မီးတွေကို အပြီးသတ်ဖို့လုပ်နေတာမို့ အောက်တိုဘာလကုန်လောက်မှာ နေထိုင်ခွင့်ပေး တောမှာပါ၊ ကျန်တာတွေကတော့ အားလုံးပြီးနေတာကြာပါပြီ ”လို့ ယင်းတာဝန်ရှိသူကပြောပါတယ်။
ယင်းစက်မှုလုပ်သားအိမ်ရာစီမံကိန်းကို ၂၀၁၅ ခုနှစ်လောက်ကတည်း စတင်တည်ဆောက်ခဲ့ပြီး စက်မှုဇုန်အ တွင်းက လုပ်သားတွေအတွက် ဇုန်ကော်မတီ၊အစိုးရနှင့် လုပ်ငန်းရှင်တွေ ပူးပေါင်းတည်ဆောက်ခဲ့တာဖြစ်ပါ တယ်။
မြေဧရိယာ ၁ ဒသမ ၇၈ ဧကပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီး၁၈ ပေပတ်လည်အခန်းတွေဖြစ်ပါတယ်။ တစ်ထပ်မှာအခန်း ၁၂ ခန်းပါရှိတဲ့ ၅ ထပ်အဆောက်အအုံ ၈ လုံးဖြစ်ပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment