Monday, August 29, 2016

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်သော ဟိုတယ်စီမံကိန်း ၅၂ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာသန်း ၂၉၀၀ ကျော် ရှိ


မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်း ၅၂ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ၂၉၁၈ သန်းရှိတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ် မတိုင်မီက ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးမှု နည်းပါးခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ဟိုတယ်နဲ့ စီးပွားရေးအဆောက်အအုံစီမံကိန်း ၃၆ ခုသာ ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကန်ဒေါ်လာ ၁၁၄၄ သန်းသာ ရှိခဲ့ပါတယ်။

၂၀၁၁ ခုနှစ် နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် ခရီးသွားလုပ်ငန်းအရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများဖွံ့ဖြိုးလာခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှ စတင်ပြီး နှစ်စဉ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများ တိုးတက်လာခဲ့ပြီး ၂၀၁၆ ဇူလိုင်လအထိစာရင်းများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုပါဝင်တဲ့ ဟိုတယ်စီမံကိန်း ၅၂ ခုအထိ ရှိလာပြီ ဖြစ်ပါတယ်။

နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုများမှာ စင်ကာပူနိုင်ငံက ကန်ဒေါ်လာ ၁၆၂၄ သန်းနဲ့ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး
ဒုတိယအများဆုံးအဖြစ် ထိုင်းက ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄၄၅ သန်း၊ တတိယ အများဆုံးအဖြစ် ဗီယက်နမ်က ကန်ဒေါ်လာ ၄၄၀ သန်း တို့ဖြစ်ပါတယ်။ဟောင်ကောင်၊ ကိုးရီးယား၊ ဂျပန်၊ မလေးရှား၊ ယူကေ၊ လူဇင်ဘတ်နဲ့ ယူအေအီးနိုင်ငံများကလည်းဟိုတယ်လုပ်ငန်းမှာ လာရောက် ရင်းနှီးမြှုပ်နှံထားကြပါတယ်။

နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေနဲ့ မြန်မာနိုင်ငံသား ကော်မရှင်ကခွင့်ပြုမိန့်ထုတ်ပေးဆောင်ရွက်ထားတဲ့ ဟိုတယ် ၆၃ ခု ရှိပြီးရင်းနှီးမြှုပ်နှံမှု ကျပ်သန်းပေါင်း ၁,၄၃၉,၄၆၃ ထိ ရှိပါတယ်။


Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment