Monday, August 29, 2016

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကိုကျော်ဖြတ်ပြီး ကမ္ဘာ့အကြီးဆုံး ဂျုံတင်ပို့သူနိုင်ငံ ရုရှဖြစ်လာ


ရုရှ နိုင်ငံမှာ ယင်းရဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ဥရောပနဲ့ မြောက်အမေရိက နိုင်ငံတွေရဲ့ ဂျုံဈေးကွက်တွေဆီကို ထိုးဖောက်စိုးမိုးလာနိုင်ခဲ့ပြီး ယခုအခါ ဥရောပသမဂ္ဂကို ကျော်ဖြတ်ပြီး ပထမဆုံးအကြိမ်အနေနဲ့ ကမ္ဘာ့အကြီးဆုံး ဂျုံတင်ပို့သူ နိုင်ငံဖြစ်လာခဲ့ပါတယ်။
အီးယူအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဂျုံအထွက်နှုန်းပိုင်းမှာ အားနည်း လာမှုတွေ မြင်တွေ့နေရချိန်မှာပဲ ယခု ဇူလိုင်လ ၁ ရက်က စတင်ခဲ့တဲ့ ၂၀၁၆-၁၇ ဈေးကွက်ရာသီမှာတော့ ရုရှတို့အနေနဲ့ ဂျုံတင်ပို့မှုပိုင်းမှာ စံချိန်တင် ထုတ်လုပ်တင်ပို့နိုင်တော့မယ်လို့မျှော်လင့်နေပြီပဲဖြစ်ပါတယ်

" ခုအခြေအနေတွေကို ကြည့်ရတာ ကမ္ဘာ့ဂျုံဈေးကွက်မှာ ပိုမိုပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ်လာနေခဲ့တာတော့ ရှင်းနေတာပါပဲ" လို့ မော်စကိုအခြေစိုက် ဂျုံကုန်သည်တစ်ဦးက ပြောပါတယ်။

ယခုလိုမျိုး ကမ္ဘာ့ဂျုံဈေးကွက်သစ်တွေမှာ ရုရှနိုင်ငံက ဂျုံတွေရောက်ရှိလာနေတာကြောင့် အခြားထိပ်တန်း တင်ပို့သူနိုင်ငံတွေအတွက် အခက်ကြုံရတော့မယ့်အခြေနေကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ ၀ယ်ယူသူဖောက်သည်တွေအနေနဲ့ အနာတ် ကာလမှာ မြောက်အမေရိက၊ ဥရောပနဲ့ သြစတြေးလျတို့က တင်ပို့သူတွေထက် ရုရှ ပို့ကုန်တွေဘက် ပြောင်းလဲသွားနိုင်မယ့် အလားအလာတွေ မြင်တွေ့နေရလျက်ရှိပါတယ်။

ယခု ဈေးကွက်ရာသီစပြီး သီတင်းပတ်ရှစ်ပတ်ကြာ ကာလမှာပဲ အစဉ်အလာအရ အမေရိကန်တို့လွှမ်းမိုးထားတဲ့ မက္ကဆီကို ဂျုံဈေးကွက်ကို ရုရှကတင်ပို့ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အလားတူ မာလီ၊ မော်လ်တာ နဲ့ မြန်မာနိုင်ငံတွေဆီကိုလည်းပထမဆုံးအကြိမ်အနေနဲ့ ရုရှကတင်ပို့မှုတွေ ပြုလုပ်ထားပြီးပြီလို့လည်း သိရပါတယ်။
Credit To >>> Strategy First Journal

0 comments:

Post a Comment