ရှမ်းပြည်နယ်အစိုးရ ဌာနဆိုင်ရာအကြီးအကဲတာဝန် ယူထားရသည့် ညွှန်ကြားရေးမှူး အဆင့်ရှိသူများအနေဖြင့် ၎င်းတို့ ပိုင်ဆိုင်မှုစာရင်းများကို ပြုစုချိပ် ပိတ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထံ အပ်နှံထားရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သ တင်းရရှိသည်။
ဌာနဆိုင်ရာအကြီးအကဲများ အပ်နှံထားသည့် ပိုင်ဆိုင်မှုစာရင်း ဇယားများအားလုံးကို ချိပ်ပိတ်ထားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဖွင့်ဖောက်ကြည့်မည်မဟုတ်ဘဲ ပြဿနာတစ်စုံတရာရှိမှ၊ တိုင်ကြားမှုရှိမှသာလျှင် ဖွင့် ဖောက်စစ်ဆေးပေးမည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဘဏ္ဍာအခွန်ဝန်ကြီး ဦးစိုင်းရှန် တစ်လုံက ပြောသည်။
‘‘အစိုးရဌာနဆိုင်ရာအကြီး အကဲ(ညွှန်မှူး)တွေအနေနဲ့ သူတို့ ပိုင်ဆိုင်မှုစာရင်းတွေကို ကျွန်တော်တို့ဆီမှာ ချိပ်ပိတ်ပြီးအပ်နှံ ထားကြဖို့ ညွှန်ကြားထားပြီးဖြစ်ပါ တယ်။ ဖွင့်လည်းမကြည့်ပါဘူး။ တစ်ယောက်ယောက်က တိုင် ကြားလာမှသာ ဖွင့်စစ်ပေးသွား မှာဖြစ်တယ်’’ဟု ဦးစိုင်းရှန်တစ်လုံ ကပြောသည်။
ထိုသို့ ပိုင်ဆိုင်မှုစာရင်းများ ချိပ်ပိတ်၍ တောင်းခံအပ်နှံခိုင်း ခြင်းသည် အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုလျော့ကျ စေရန်ရည်ရွယ်သည်ဟု ဦးစိုင်းရှန်တစ်လုံကဆိုသည်။
ရှမ်းပြည်နယ်ရှိ ဌာနဆိုင်ရာ အကြီးအကဲများဖြစ်သည့် ညွှန် ကြားရေးမှူးများ၏ ပိုင်ဆိုင်မှုစာ ရင်းဇယားများကို ချိပ်ပိတ်ပုံစံဖြင့် ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာအခွန်ဝန်ကြီးက တာဝန်ယူ၍ သြဂုတ်စတုတ္ထပတ်မှစတင် ကောက်ခံရန် စီစဉ်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ဆီကိုတော့ ညွှန်ကြားချက်တစ်စုံတစ်ခုမှ မ ရောက်သေးပါဘူး။ ဒီလိုလုပ်ရင် လည်း ကောင်းပါတယ်။ မရိုးသား သူတွေအတွက်တော့ တစ်မျိုးပေါ့’’ဟု အမည်မဖော်လိုသည့် ဌာနဆိုင်ရာညွှန်ကြားရေးမှူးတစ် ဦးကပြောသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment