မြန်မာနိုင်ငံမှ ပထမဆုံး ၀ယ်ယူသည့်တန်းမြင့်ကော် ဖီများကိုအမေရိကန် ဈေးကွက်တွင် လူသိများလာရန် ၀ါရှင်တန်မြို့၌ သြဂုတ် ၂၃ ရက်က အရောင်းမြှင့်တင် မိတ်ဆက်ခဲ့ပြီး စိတ်ဝင်စားမှုရရှိခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌဦးရဲမြင့်ကပြောသည်။
မြန်မာနိုင်ငံမှ တန်းမြင့်ကော်ဖီ ၃၆ တန်ကို အမေရိကန်နိုင်ငံဝါရှင် တန်မြို့အခြေစိုက်သွင်းကုန်ကုမ္ပ ဏီတစ်ခုက ၀ယ်ယူခဲ့ပြီး သြဂုတ်လဆန်းက အမေရိကန်သို့ ကော်ဖီများရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးရဲမြင့်က ပြောသည်။ အဆိုပါအရောင်းမြှင့်တင်ပွဲတွင် လူများစိတ်ဝင်တစားလာရောက်ကြပြီး နမူနာကော်ဖီများ အားလုံးရောင်းကုန်သွားခဲ့ကြောင်းဦးရဲမြင့်က ပြောကြားသည်။
‘‘နမူနာအတွက်စပြီးလှော် ထားတဲ့ ကော်ဖီတွေ အကုန်လုံး ရောင်းထွက်သွားတယ်ပြော တယ်။ ပွဲတက်တဲ့ လူတစ်ရာ၊ နှစ် ရာစာလောက်အတွက် နမူနာ လုပ်ထားတဲ့ဟာတွေ အကုန်ကုန် သွားတာပေါ့။ လူတွေလည်း အ ပြည့်လာတယ်လို့သိရတယ်။ဝယ် သွားတဲ့ ကုမ္ပဏီကလည်း အခု တင်ပို့လိုက်တဲ့ ကော်ဖီတွေကို ကျွန်တော်တို့ ပထမပို့ပေးတဲ့ နမူ နာထက်ကို ပိုကောင်းတဲ့အရည် အသွေးရှိတယ်လို့ ပြောတယ်။ သူတို့လည်း သဘောကျတယ်။ နောက်လည်းဝယ်ဖို့အစီအစဉ်ရှိ တယ်လို့ပြောတယ်’’ဟု ဦးရဲမြင့် ကပြောသည်။
ယင်းမိတ်ဆက် အရောင်း မြှင့်တင်မှုကို မြန်မာ့ကော်ဖီ တန်းမြင့်ထုတ်လုပ်နိုင်ရန် ကူညီခဲ့သည့်အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)၊ Winrock International၊ အမေရိကန်အခြေစိုက်ကော်ဖီအရည်အသွေးစစ် ဆေးရေးအဖွဲ့အစည်း(CQI)နှင့် မြန်မာနိုင်ငံ ကော်ဖီအသင်းဒုတိယဥက္ကဋ္ဌ ဦးစိုင်းဝမ်းတို့ တက် ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။
အမေရိကန်နိုင်ငံတကာဖွံ့ ဖြိုးရေးအေဂျင်စီ(USAID)၏ ငွေ ကြေးအထောက်အပံ့ဖြင့် Win-rock Internationalက ၂၀၁၄ က စ၍ မြန်မာနိုင်ငံတွင် အရည်အ သွေးတန်းမြင့်ကော်ဖီထုတ်လုပ် ရန် မြန်မာနိုင်ငံကော်ဖီအသင်းနှင့် ပူးပေါင်း၍ တောင်သူပညာပေးမှု များလုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ ကြောင့် မြန်မာနိုင်ငံတွင် တန်းမြင့် ကော်ဖီများထုတ်လုပ်လာနိုင်ပြီး အမေရိကန်က မြန်မာ့တန်းမြင့် ကော်ဖီကိုပထမဆုံးဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံသို့ တင်ပို့ သည့် တန်းမြင့်ကော်ဖီသည် ယ ခင်က ပြည်ပသို့ တင်ပို့ခဲ့သည့် ရိုး ရိုးကော်ဖီထက်ဈေးများစွာပို့ရရှိခဲ့ သည်။
တန်းမြင့် ကော်ဖီမှာ တစ် တန်လျှင် အမေရိကန်ဒေါ်လာ ခုနစ်ထောင်ခန့်ဈေးရှိပြီး ရိုးရိုး ကော်ဖီမှာ တစ်တန်လျှင် ဒေါ်လာ လေးထောင်ခန့်သာရှိသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment