Friday, August 26, 2016

မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အင်ဒိုနီးရှား သမ္မတနိုင်ငံ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ မစ္စတာ အိတ်ခ်ျမာယူဒင်အား ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်သူများအကျိုးအတွက် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ငလျင်ဘေးသင့်ဒေသများတွင် အင်ဒိုနီးရှားနိုင်ငံမှ ပါဝင်ကူညီဆောင်ရွက် နိုင်ရေး၊ မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့် ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment