ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်း ခြင်း အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးအတွက် အမျိုးသားရေး အသိ၊ လုံခြုံရေးအသိဖြင့်စောင့်ကြည့် သုံးသပ်လျက်ရှိ ပါကြောင်းနှင့် ပြည် ထောင်စုသားအားလုံးကလည်း အ မျိုးသားရေးအမြင်၊
အမျိုးသားရေး သတိဖြင့် စောင့်ကြည့်သွားရန်လိုအပ် ကြောင်း သြဂုတ် ၂ ၅ ရက်တွင် သ ဘောထားထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန် ကြီးဌာန၏ ၂၄-၈-၂၀၁၆ ရက်စွဲဖြင့် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက် တွင် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါကော်မရှင်ကို နိုင်ငံတော်၏ အတိုင်ပင်ခံရုံးဝန်ကြီး ဌာနနှင့် ကိုဖီအာနန်ဖောင်ဒေးရှင်း တို့အကြား နားလည်မှုစာချွန်လွှာတစ် ခု လက်မှတ်ရေးထိုး ၍ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန်အပါ အ၀င် နိုင်ငံ တကာမှပုဂ္ဂိုလ် သုံးဦးနှင့် မြန်မာ နိုင်ငံသား ပုဂ္ဂိုလ်ခြောက် ဦး စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရ သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိ သည်။
ရခိုင်ပြည်နယ်အရေးကိစ္စသည် ပြည်တွင်းရေးကိစ္စတစ်ခုဖြစ်ပြီး အ စိုးရ အဆက်ဆက်ကလည်း ပြည်နယ် တွင်းတည်ငြိမ်အေးချမ်းရေး ကို ညှိ နှိုင်းဖြေ ရှင်းဆောင်ရွက်ပေးနေဆဲကိစ္စဖြစ်ပါသည်ဟု ဆိုသည်။
ကော်မရှင်ဖွဲ့စည်းရာ တွင် နိုင်ငံ တကာပုဂ္ဂိုလ်များပါဝင်လာခြင်းသည် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားသည့် ပြည်တွင်းရေးရာ ကိစ္စကို နိုင်ငံတကာ အရေးကိစ္စအဖြစ် ဦးတည်နေသကဲ့ သို့ဖြစ်ကြောင်း သုံးသပ်ရရှိပါသည် ဟု ဖော်ပြထားသည်။
ကော်မရှင်၏လုပ်ငန်းမှာလည်း လူ့အခွင့်အရေးနှင့် လူသားချင်းစာ နာထောက် ထားမှုကိုသာ ဦးစားပေး ထားပြီး အမျိုးသားရေးနှင့် နိုင်ငံတော် လုံခြုံရေး ကိစ္စများ ကို လျစ်လျူရှုသကဲ့ သို့ဖြစ်နေကြောင်း တွေ့ရှိရပါသည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
သို့ဖြစ်၍ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ရခိုင် ပြည်နယ် ဆိုင် ရာ အကြံပေးကော်မရှင်ဖွဲ့စည်းခြင်းအပေါ် အမျိုးသားအ ကျိုးစီး ပွားနှင့် နိုင် ငံတော် တည်ငြိမ် အေးချမ်းရေးအတွက် အမျိုးသားရေး အသိ၊ လုံခြုံရေးအသိဖြင့် စောင့်ကြည့် သုံးသပ်လျက်ရှိပါကြောင်းနှင့် ပြည် ထောင်စု သားအားလုံးကလည်း အ မျိုးသားရေးအမြင်၊ အမျိုးသားရေး သတိဖြင့် စောင့် ကြည့် သွား ရန်လိုအပ် မည်ဖြစ်ပါကြောင်း အလေးအနက် ထား တိုက်တွန်း အပ်ပါသည်ဟု သ ဘောထားထုတ်ပြန်ချက်တွင် ထပ် လောင်းဖော်ပြ ထားသည်။
Credit To>>> Democracy Today
0 comments:
Post a Comment