Wednesday, August 31, 2016

အမေရိကန်နိုင်ငံ ဗဟိုဘဏ်က ဒီနှစ်ထဲမှာ အတိုးနှုန်းတိုးနိုင်ဖွယ်ရှိ တယ်လို့ပြောတာကြောင့် ဒေါ်လာဈေး တက်


ဒေါ်လာဈေးဟာပြန်လည်မြင့်တက်လာပြီးတော့ ယူရိုငွေဈေး၊ယန်းငွေဈေးတို့ နဲ့ လဲလှယ် နှုန်းမှာလည်း မြင့်တက်လာပါတယ် ။အမေရိကန်နိုင်ငံ US Commerce Department က နိုင်ငံတွင်းငွေသုံးဆွဲမှု မြင့်တက်လာတဲ့လို့ ထုတ်ပြန် ပြီးတဲ့နောက်မှာအခုလို တက်လာတာဖြစ်ပါတယ်။


အမေရိကန်နိုင်ငံ ဗဟိုဘဏ် ဥက္ကဌဖြစ်တဲ့ Janet Yellen က လည်းအတိုးနှုန်းတွေ ဆက်လက်တိုးမြင့်သွားနိုင်တယ်လို့ ပြောခဲ့တာကြောင့် လည်းအခုလို ဒေါ်လာဈေးတွေပြန်တက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဗြိတိန်ပေါင်ဈေးဟာ တစ် ပေါင်ကို ၁ ဒသမ ၃၁၀၅ဒေါ်လာကနေ ၁ ဒသမ၃၁၃၅ အဖြစ်အနည်းငယ်ကျဆင်းသွားပါတယ်။အမေရိကန်နိုင်ငံ Commerce Department က တနင်္လနေ့ကထုတ်ပြန်တဲ့စာရင်းတွေအရ အမေရိကန်နိုင်ငံ ရဲ့ ငွေကြေးသုံးဆွဲမှုနှုန်းက ၀ဒသမ၃ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပြီးတော့၊ ပြည်သူတွေရဲ့ ကိုယ်ကိုင်ဝင်ငွေတွေဟာလည်း ဇူလိုင်လမှာ ၀ဒသမ ၄ ရာခိုင်နှုန်းတိုးလာတယ်လို့သိရပါတယ်။

အလားတူ ဒီနှစ်ထဲမှာ အမေရိကန်နိုင်ငံ ဗဟိုဘဏ်က ဒေါ်လာအတိုးနှုန်းထက်တိုးဖို့ရှိနိုင်တယ်လို့ ထုတ်ပြန်လိုက်တာကြောင့် အမေရိကန်ဒေါ်လာဟာ ၀ယ်လိုအားလည်းများလာနိုင်ပါတယ်။

Credit To >>>> SFJ Strategy First Journal

0 comments:

Post a Comment