Wednesday, August 31, 2016

အမေရိကန်နဲ့ ထိပ်တိုက်တွေ့ပြီး အီးယူက အခွန်ရှောင်မှုကြောင့် ၁၃ ဘီလီယံ ပြန်ပေးဖို့ Apple ကို ပြော


အိုင်ယာလန်နိုင်ငံမှာ အခွန်နဲ့ပတ်သက်လို့ တရားမ၀င်အခွင့်အရေးတွေရရှိထားတယ်ဆိုပြီး အမေရိကန် နည်းပညာကုမ္ပဏီကြီး Apple အနေနဲ့ ယခုအခါမှာ ယူရိုငွေ ၁၃ ဘီလီယံ စံချိန်တင်ငွေပမာဏတစ်ရပ် ယင်းနိုင်ကို ပြန်လည်ပေးဆောင်ဖို့ အီးယူက အမိန့်ချမှတ်လိုက်ပါတယ်။ အဆိုပါနိုင်ငံမှာ Apple ကုမ္ပဏီ ရရှိထားတဲ့ အခွန်လျှော့ပေါ့ခံစားခွင့်တွေဟာတရားဝင်ခြင်းမရှိဘူးလို့ အီးယူအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
ဝါရှင်တန်အစိုးရကိုပါ အမျက်ဒေါသထွက်စေခဲ့တဲ့ ယခု စီရင်ချက်မှာဆိုရင် ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီကြီးအနေနဲ့ အိုင်ယာလန်အစိုးရနဲ့ သဘောတူညီမှုရအောင်လုပ်ပြီး ဆောင်သင့်တဲ့အခွန်ငွေတွေကိုရှောင်ရှားထားခဲ့တယ်လို့ ပါရှိပါတယ်။

အိုင်ယာလန်နိုင်ငံဟာဆိုရင် အမေရိကန် ကုမ္ပဏီပေါင်းမြောက်များစွာကို ဖိတ်ခေါ်နိုင်ဖို့ ကြိုးပမ်းထားခဲ့ပြီး အလွန်သက်သာတဲ့ အခွန်ခံစားခွင့်မျိုးတွေနဲ့ ကမ်းလှမ်းထားခဲ့တာဖြစ်ပါတယ်

“ အီးယူ ကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်အရတော့ အိုင်ယာလန်အစိုးရဟာ Apple ကို တရားမ၀င် အခွန်လျှော့ပေါ့မှုတွေ ခံစားခွင့်ပြုထားပါတယ်၊ ဒါကြောင့် နှစ်ပေါင်းများစွာ အခြား စီးပွားရေးလုပ်ငန်းတွေထက် ဒီကုမ္ပဏီက အခွန်ငွေ အများကြီးသက်သာနည်းပါးနေခဲ့ပါတယ်” လို့ အီးယူ ကော်မရှင်နာ Margrethe Vestager က ပြောကြားလိုက်ပါတယ်။ဒါပေမယ့်လည်း ယခုလို အီးယူရဲ့ စီရင်ချက်ကြောင့် ဥရောပဒေသမှာ ရှိတဲ့ အလုပ်အကိုင်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ထိခိုက်လာနိုင်တယ်လို့ Apple ဘက်က ပြောကြားသွားခဲ့ပြီး ယခုကိစ္စကို လက်မခံဘဲအယူခံတင်သွင်းသွားမယ်လို့ သြဂုတ် ၃၀ ရက်က ကြွေးကြော်ပြောကြားသွားခဲ့ပါတယ်။

Credit To>>> SFJ Strategy First Journal 

0 comments:

Post a Comment