Friday, August 26, 2016

ဆာဖာရီဥယျာဉ်(နေပြည်တော်)၌ နူးသမင်သုံးကောင် ပေါက်ပွား


ဆာဖာရီဥယျာဉ်(နေပြည်တော်)တွင် နူးသမင်(Wildebeest)သုံးကောင် ပေါက်ပွားကြောင်း သိရသည်။

နူးသမင်များသည် ၂ဝ၁၁ ခုနှစ် သြဂုတ် ၉ ရက်က တောင်အာဖရိကနိုင်ငံမှ ဆာဖာရီဥယျာဉ်(နေပြည်တော်)သို့ အထူးကုန်တင်လေယာဉ်ဖြင့် နူးသမင်အထီး သုံးကောင်၊ အမခုနစ်ကောင် ဒုတိယအသုတ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
နူးသမင်များကို အာဖရိကနိုင်ငံများဖြစ်ကြသော ယူနက်စကို၊ တန်ဇန်းနီးယား၊ ကင်ညာတို့တွင် တွေ့ရှိရပြီး ခွာပါ Bovidae မျိုးဖြစ်သည်။ အရပ်အမြင့် ၄ ပေ ၂ လက်မ(1.27M)မှ ၄ ပေ ၁ဝ လက်(1.47M) ရှိကြ သည်။ ကိုယ်အလေးချိန်မှာ ၂၆၅ ပေါင်မှ ပေါင် ၆ဝဝ(120kg-270kg) ရှိကြသည်။
၎င်း၏သက်တမ်းမှာ ၁၅ နှစ်မှ နှစ် ၂ဝ ခန့်ထိရှိသည်။ အန္တရာယ်နှင့် ရင်ဆိုင် ရချိန်တွင် တစ်နာရီမိုင် ၄ဝ မှ မိုင် ၆ဝ ထိ အမြန်နှုန်းဖြင့်ပြေးနိုင်ကြပြီး များသောအားဖြင့် ဇွန်လပိုင်းတွင် မိတ်လိုက်တတ်ကြသည်။ ကိုယ်ဝန်ဆောင်ကာလမှာ ရက် ၂၄ဝ မှ ရက် ၂၇ဝ ခန့်ထိရှိကြပြီး တစ်ကြိမ်လျှင် တစ်ကောင်သာပေါက်ပွား တတ်ကြသည်။ သားပေါက်ကလေးများ၏ ပျမ်းမျှ ကိုယ်အလေးချိန်မှာ (10kg-20kg)ထိ ရှိတတ်ကြသည်။
၎င်းနူးသားပေါက်ကလေးများသည် မိခင်မှ သဘာဝအတိုင်းမွေးဖွား၍ မိနစ် ၃ဝ မှ ၄၅ မိနစ်အတွင်း လမ်းလျှောက်နိုင်၊ ပြေးနိုင်ကြပြီး အသက် နှစ်နှစ်ခွဲခန့်တွင် အရွယ်ရောက်သည်။ ခြေလေးချောင်းနှင့် ဦးချိုပါရှိသော အသီးအရွက်စား စားမြုံ့ပြန် သတ္တဝါများဖြစ်သည်။ ၎င်းတို့သည် နေ့ပိုင်းတွင် လှုပ်ရှားမှုနည်းပြီး နံနက်စောစောနှင့် ညနေပိုင်းများတွင်သာ လှုပ်ရှားသွားလာ ကျက်စားတတ်ကြသည်။
ယခုအခါ ထိုနူးသမင်များကို ဆာဖာရီဥယျာဉ်(နေပြည်တော်)၌ အုပ်စုဖွဲ့ နေထိုင်ကျက်စားကြသည်များကို လာရောက်လေ့လာမြင်တွေ့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment