ရေနံထုတ်လုပ်တင်ပို့သူများနိုင်ငံများအဖွဲ့ OPEC ရဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အသားတင်ဝင်ငွေရရှိမှုဟာ တစ်နှစ်ထက်တစ်နှစ် ၅၀ ရာခိုင်နှုန်း နီးပါး ကျဆင်းလာနေခဲ့တယ်လို့ အမေရိကန် အကဲဖြတ်သုံးသပ်ရေးအဖွဲ့ကပြောပါတယ်။
အမေရိကန် စွမ်းအင်သတင်းအချက်အလက်ဆိုင်ရာအဖွဲ့ EIA ရဲ့ အစီရင်ခံစာတစ်ရပ်မှာတော့ ၂၀၁၅ ခုနှစ်မှာ အိုပက်ဖွဲ့ဝင်နိုင်ငံတွေရဲ့ ၀င်ငွေရရှိမှုဟာ ဒေါ်လာ ၄၀၄ ဘီလီယံသာရှိခဲ့တာကြောင့် ယခင်အစော ပိုင်းတစ်နှစ်ကထက် ၄၆ ရခိုင်နှုန်း ကျဆင်းလျော့နည်းသွားခဲ့တယ် လို့ဖော်ပြထားပါတယ်။
ကမ္ဘာ့ရေနံဈေးနှုန်းပိုင်းမှာတော့ ၂၀၁၄ ခုနှစ်က ရေနံတစ်စည်ကိုဒေါ်လာ ၁၀၀ လောက်ရှိခဲ့ရာကနေ နောက်ပိုင်းနှစ်တွေမှာ တစ်ဖြည်းဖြည်းချင်း ဆိုးဆိုးရွားရွား ကျဆင်းနေခဲ့တာဖြစ်ပါတယ်။ အလားတူ အမေရိ ကန် ရေနံထုတ်လုပ်မှု တိုးမြင့်လာခဲ့တာကလည်းဈေးကွက်ထဲမှာ အလွန်အကျွံထုတ်လုပ်ပေးသွင်းမှုပိုင်းကို တိုးမြင့်နေစေခဲ့ပါတယ်။
အိုပက်အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ယခုထက်ထိ ထုတ်လုပ်မှုကိုလျှော့ချခြင်းမရှိသေးဘဲ ယခုနှစ် ၂၀၁၆ နောက်ပိုင်းလတေမှာ ၀ယ်လိုအားပိုင်း ပြန်ကောင်းလာနိုင်မယ်လို့ မျှော်လင့်ထားတယ်ဆိုပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ စွမ်းအင်ဝန်ကြီးတွေက ပြောထားပါတယ်။
" အိုပက်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ၂၀၁၅ခုနှစ် အသားတင်ရေနံပို့ကုန်ဝင်ငွေက ၂၀၀၄ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးနှုန်းထားကို ရောက်ခဲ့ပါ တယ်၊ ရေနံရောင်းချရမှုအပေါ် အလွန်အကျွံ မှီခိုအားထားနေရတဲ့နိုင်ငံတွေအတွက် ဘဏ္ဍာရေး အကျပ်အတည်းအခြေအနေတွေသာဖြစ်ပေါ်ခဲ့ရပါတယ်" လို့ EIA ရဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။
Credit To >>> Strategy First Journal
0 comments:
Post a Comment