နိုင်ငံခြားခရီးသွားများကို ၀န်ဆာင်မှုပေးရန်အတွက် ယာဉ်ပိုင်ရှင်တွေ အဆင်ပြေစေဖို့အတွက် မော်တော်ယာဉ်များကိုမှတ်ပုံတင်ပြီး အသိအမှတ်ပြုတံဆိပ်များ ထုတ်ပေးသွားရန်စီစဉ်ဆောင်ရွက်နေတယ်လို့ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနမှ
သိရပါတယ်။
သိရပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကထုတ်ပေးထားတဲ့ (ဃ) အခြားလိုင်စင် (နံပါတ်အပြာ)မော်တော်ယာဉ်တွေကို နိုင်ငံခြားခရီးသည် ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်များ ထုတ်ပေး နေပါတယ်။
လက်ရှိမှာ နိုင်ငံခြားခရီးသည်များ တိုးတက်ဝင်ရောက်လျက်ရှိရာခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ အဆင်ပြေချောမွေ့စေဖို့နဲ့ ယာဉ်ပိုင်ရှင်တွေ အဆင်ပြေစေဖို့အတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ (ခ) နဲ့ (ဂ) လိုင်စင်ရ မော်တော်ယာဉ်တွေကိုခရီးသွားများ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ခွင့်ပြုသွားရန်စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာနတိုင်းနဲ့ ပြည်နယ်ရုံးခွဲများမှာစုံစမ်းပြီး စည်းကမ်းချက်များနဲ့ အညီ မော်တော်ယာဉ်များကို မှတ်ပုံတင်ပြီး အသိအမှတ်ပြုအမှတ်တံဆိပ်များ ထုတ်ပေးသွားမှာဖြစ်ပါတယ်။
ဇူလိုင်လကုန်အထိ ပို့ဆောင်ရေးလုပ်ငန်းလိုင်စင် ၉၃၆ ခု၊ ဧည့်လမ်းညွှန်လိုင်စင် ၃၉၄၉ ခု၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လိုင်စင်၂၇၀၅ ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် ၂၁၉၆ ခု၊ ဟိုတယ်နဲ့ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ၁၃၆၁ ခု တို့ကိုထုတ်ပေးထားတယ်လို့ သိရပါတယ်။
နိုင်ငံခြားခရီးသည်များအနေနဲ့ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာမှာပြည်တွင်းမှ လိုင်စင်ရ မော်တော်ယာဉ် များကို အသုံးပြုစီးနင်းရေး၊ လိုင်စင်ရ ဟိုတယ်၊ တည်းခိုခန်းများမှ တည်းခိုရေး၊ ခရီးသည်များလိုက်နာရမယ့် စည်းကမ်းများ သိရှိလိုက်နာရေး၊ လိုင်စင်ရ ဧည့်လမ်းညွှန်ပါရှိရေး၊ ကန့်သတ် ဧရိယာများသို့ သွားရောက်မှု ရှိစေရေး စတဲ့အချက်များကို ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များ၊ ဟိုတယ်နဲ့ တည်းခိုရိပ်သာများက လိုက်နာဆောင်ရွက်ရန်နဲ့ဧည့်သည်များကို အသိပေးဆောင်ရွက်ရန်လည်း ဟိုတယ်နဲ့ ခရီးသွားလာရေး ၀န်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment