Friday, July 8, 2016

ထိုင်းနိုင်ငံသို့ T-84 Oplot-M တိုက်ခိုက်ရေးတင့်ကားအစီး ၄ဝ ယူကရိန်း ပေးအပ်မည်


ထိုင်းနိုင်ငံ၏ Oplot-M တင့်ကားများ အော်ဒါ မှာယူမှုကို လာမည့်မတ်လအတွင်း အပ်နှံသွားမည်ဟု ယူကရိန်းနိုင်ငံက ဇူလိုင် ၆ ရက်တွင် အတည်ပြုပြောကြား ခဲ့သည်။
ယူကရိန်းနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ကာလရှည် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပွားပြီးနောက် Oplot-M တိုက်ခိုက်ရေးတင့်ကားအစီး ၄ဝ လွှဲအပ်မှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ထိုင်းဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ပရာဝစ်ဝေါင်ဆူဝမ် နှင့် တွေ့ဆုံဆွေးနွေးမှုတစ်ခုအတွင်း ထိုင်းနိုင်ငံဆိုင်ရာ ယူကရိန်းနိုင်ငံ သံအမတ်ကြီး အန်ဒရေဘက်ရှ်တာက ပြောကြားသည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသ အခြေအနေမှာ တဖြည်းဖြည်းတိုးတက်လာသောကြောင့် Oplot-M တင့်ကားအစီး ၄ဝ ကို ထိုင်းနိုင်ငံသို့ သင်္ဘောဖြင့် ပို့ဆောင်တော့မည်ဟု ယူကရိန်းသံအမတ်ကြီး၏ ပြောကြားချက်ကိုကိုးကား၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရန်ချိဖ်တန်ထရာဗာနစ်က ဆိုသည်။

ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း Oplot-M တင့်ကား ၁ဝ စီးမျှသာ ထိုင်းနိုင်ငံသို့ လွှဲအပ်ပေးခဲ့ပြီး နောက်ထပ် တင့်ကားအစီး ၄ဝ ထပ်မံလွှဲအပ်ရမည် ဖြစ်သည်။

ထိုင်းတပ်မတော်က တိုက်ခိုက်ရေးတင့်ကား များ ဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၅ဝ ကြိုတင်လျာထားသည်ဟုသိရသည်။ ထိုင်းတပ်မတော် အနေဖြင့် နှစ်များစွာအတွင်း ငွေကြေးပေးချေရမည့် အရစ်ကျစနစ်ပုံစံဖြင့် တင့်ကားအစီး ၁ဝဝ ကျော် ဝယ်ယူဖွယ်ရှိကြောင်း ဒုတိယဝန်ကြီးချုပ် ပရာဝစ်က အစောပိုင်းတွင် ပြောကြားထားကြောင်း သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment