
မိုးရာသီအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လာသည့်အခါနှင့် သဘာဝဘေးအန္တရာယ်များကျရောက်သည့်အခါအရေးပေါ်ကယ်ဆယ်ရေးများပြုလုပ်ရန် မီးသတ်တပ်ဖွဲ့ ဝင်များအားလုံး စွမ်းရည်မြင့်မားနေစေရန်အတွက် မကွေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ကဦးစီးပြီး အသက်ကယ်လှေမောင်းနှင်ခြင်းနှင့် ရေပြင်အသက်ကယ်ခြင်းများ လက်တွေ့လေ့ကျင့်ပေးခြင်းကို ဇူလိုင် ၆ ရက် နံနက် ၈ နာရီက မကွေးမြို့ ညောင်ကိုးပင်ဆိပ်အနီး ဧရာဝတီမြစ်အတွင်းတွင် ပြုလုပ်သည်။
လက်တွေ့လေ့ကျင့်ခြင်းတွင် မကွေးခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးကို ရေပြင်ကယ်ဆယ်ခြင်း၊ ရေပြင်အခြေအနေ၊ ရေကူးခြင်းနည်းပညာ၊ ရှေးဦးသူနာပြုစုခြင်း၊ ရှာဖွေကယ်ဆယ်ရေးများ လေ့ကျင့်ခဲ့ပြီး အသက်ကယ်လှေအဖြစ် ဖိုင်ဘာလှေတစ်စင်း၊ ရော်ဘာလှေနှစ်စင်းတို့ဖြင့်သင်ကြားခြင်း၊ မောင်းနှင်ခြင်းများကို လက်တွေ့လေ့ကျင့်ခဲ့ကြသည်။
မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးငြှိမ်းသတ်ရေးသာမက ပြည်သူများ အသက်အိုးအိမ်များ အန္တရာယ်ကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေးအတွက်ယခုလိုလက်တွေ့လေ့ကျင့်ခြင်းသင်တန်းများကို လေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း မကွေးခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးသန်းထိုက်စိုးက ပြောကြားသည်။
# The Mirror Daily
0 comments:
Post a Comment