
အီးယူမှ နှုတ်ထွက်ရန် ဗြိတိန်တွင် မဲပေးခဲ့ကြပြီးနောက် အခြားနိုင်ငံများ နောက်ထပ် နုတ်ထွက်နိုင်ခြင်းကို အီးယူက စိုးရိမ်နေကြောင်းနှင့် ဗြိတိန် ကဲ့သို့ပင် နယ်သာလန်တွင်လည်း လူဝင်မှုနှင့် အချုပ်အချာ အာဏာကိစ္စရပ်များအပေါ် စိုးရိမ်မှု ကြီးထွားလာပြီး ခွဲရေးအတွက် ဆန္ဒခံယူပွဲ ကျင်းပရန် တောင်းဆိုမှုများ တိုးမြင့်လာသည်ဟု VOA သတင်းက ဖော်ပြသည်။
၁၉၉၂ ခုနှစ်တွင် ခေတ်မီဥရောပ ပြည်ထောင်စုနှင့် နိုင်ငံရေး၊ စီးပွားရေး ပိုမို ပေါင်းစည်းမှု အကောင်အထည်ဖော်ရေး သဘောတူ လက်မှတ်ထိုးရန် ဥရောပ ၁၂ နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသော နယ်သာလန် တောင်ပိုင်းမှ သမိုင်းဝင် မတ်စရစ်ခ်ျမြို့လေးသည် ယခုအခါ နယ်သာလန်၏ အီးယူမှ ခွဲထွက်ရေး လှုံ့ဆော်မှု အချက်အချာနေရာ ဖြစ်လာနေသည်။
ယခင်က ဥရောပ ပါလီမန်အမတ် တစ်ဦးဖြစ်သူ လောရင့်စတတ်ဆင်သည်လည်း ယခုအခါ အီးယူမှ ခွဲထွက်ရေး လှုံ့ဆော်နေသော For The Netherlands ပါတီနှင့် ပူးပေါင်း လှုပ်ရှားနေသည်။
“နယ်သာလန်ဟာ နိုင်ငံတစ်ခုအနေနဲ့ ကိုယ်ပိုင်နယ်နိမိတ်၊ ကိုယ်ပိုင်တရားရုံး၊ ကိုယ်ပိုင်ဥပဒေတွေ ရှိသင့်ပါတယ်”ဟု စတတ်ဆင်က ပြောကြားသည်။
စတတ်ဆင်သည် ဂတ်ဝိုင်းလ်ဒါးစ် ဦးဆောင်သော လက်ယာယိမ်းဖရီးဒမ်း ပါတီတွင်လည်း အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ဥရောပတွင် အစ္စလာမ် အခြေတည်နေမှု (အစ္စလာမ်မိုက်ဇေးရှင်း) ကို ဆန့်ကျင် လှုပ်ရှားနေသော ဂတ်ဝိုင်းလ်ဒါးစ်က ဗြိတိန်ကဲ့သို့ ခွဲရေးတွဲရေး ဆန္ဒခံယူပွဲ ကျင်းပရန် တောင်းဆိုထားသည်။
နယ်သာလန်၏ ခွဲရေးအယူအဆသည် Brexit နှင့်ဆက်စပ်မှုမရှိဟု စတတ်ဆင်က ဆိုသည်။ “Brexit မှာ အချုပ်အချာ အာဏာပြန်ရဖို့က အဓိကပါ။ ဒါပေမဲ့ လူဝင်မှုနဲ့ဆိုင်တဲ့ စိုးရိမ်မှုတွေလည်း ပါပါတယ်”ဟု စတတ်ဆင်က ပြောကြားသည်။
မတ်စရစ်ခ်ျမှ မြစ်ကြောင်းအတိုင်း စုံဆင်းသွားလျှင် နှစ်စဉ် ကုန်တန်ချိန် ၄၆၅ သန်းကို ကိုင်တွယ်နေသော၊ ဥရောပ မြောက်ပိုင်း စီးပွားရေး အင်အားကြီးနိုင်ငံများနှင့်
“ဒီဆယ်စုနှစ်တွေမှာ နယ်သာလန်နဲ့ ဥရောပရဲ့ တိုးတက်ကြီးပွားမှုတွေဟာ ကုန်စည်တွေ၊ လူတွေ လွတ်လပ်စွာ စီးဆင်းခွင့်ရှိတဲ့ လွတ်လပ်တဲ့ အီးယူကုန်သွယ်ရေး ဇုန်အပေါ် မူတည်ခဲ့ပါတယ်။ ဥရောပဟာ လူဦးရေ သန်း ၅ဝဝ ရှိတဲ့ဈေးကွက်ကြီးဖြစ်ပြီး
ကမ္ဘာအရပ်ရပ်မှ ရေနံတင်သင်္ဘောများနှင့် ကွန်တိန်နာ သင်္ဘောများ အဆက်မပြတ် ဆိုက်ကပ်နေသော ကမ္ဘာ့ကုန်သွယ်မှု အချက်အချာ ဆိပ်ကမ်းဖြစ်သည့် ရော့တာဒမ်သည် အီးယူမှနုတ်ထွက်ခြင်းကို စီးပွားရေး ကပ်သင့်မှုအဖြစ် ရှုမြင်နေသည်။
အီးယူကို ထောက်ခံသူများကမူ ဗြိတိန်၏ မဲခွဲဆုံးဖြတ်မှုကို မနှစ်သက်ကြဟု ရော့တာ ဒမ်အီရာစမတ် တက္ကသိုလ်မှ ပါမောက္ခ အမ်တာဘရင့်ခ်က ပြောကြားသည်။
“ဥရောပတစ်လွှားမှာ အီးယူနဲ့ ပတ်သက်ပြီး အဓိက စိုးရိမ်နေကြတာက ဘရပ်ဆယ်က (အီးယူဌာနချုပ်) ချုပ်ကိုင် လွန်းအားကြီးတဲ့ ကိစ္စပါပဲ။ နောက်တစ်ချက်က အီးယူရဲ့ ဆုံးဖြတ်ချက်ချမှတ်မှု လုပ်ငန်းစဉ်ဟာ သာမန် ဥရောပသားတွေနဲ့ အလှမ်းဝေးလွန်းနေတဲ့ ကိစ္စဖြစ်ပါတယ်”ဟု အမ်တာဘရင့်ခ်က သုံးသပ် ပြောဆိုသည်။
အီးယူတည်ထောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် နယ်သာလန်တွင် လောလောဆယ် ခွဲရေးဆန္ဒခံယူပွဲ ပြုလုပ်ရန် အလားအလာ မရှိသေးသော်လည်း နောက်နှစ် မတ်လ ရွေးကောက်ပွဲ ကျင်းပချိန်တွင် ခွဲရေးတွဲရေး အယူအဆများ ငြင်းခုန်ကြဖွယ်ရှိသည်ဟု မှန်းဆထားကြသည်။
Credit To >>> The Voice Weekly
Thursday, July 7, 2016
နယ်သာလန်သည် အီးယူမှထွက်ရန် နောက်ထပ် မဲခွဲမည့်နိုင်ငံ ဖြစ်လာဖွယ်ရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment