Thursday, July 7, 2016

တောင်တရုတ်ပင်လယ်အရေး ဆုံးဖြတ်ချက်မချမီ အချုပ်အချာအာဏာကို ထိပါးခြင်းမပြုရန် အမေရိကန်ကို တရုတ်သတိပေး

တရုတ်၏ တောင်တရုတ်ပင်လယ်အတွင်းပိုင်ဆိုင်မှုများအပေါ် ခုံရုံးက ဆုံးဖြတ်ချက်မချမီ အမေရိကန်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း အချုပ်အချာအာဏာနှင့် လုံခြုံရေးကို ထိခိုက်မည့် မည်သည့်ကိစ္စမျှ မပြုလုပ်သင့်ကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယီက အမေရိကန်နိုင်ငံအနေဖြင့် အငြင်းပွားမှုတွင် ၀င်မပါရန်ပေးထားသည့် ကတိကို တည်သင့်ကြောင်း တယ်လီဖုန်း ဖြင့် ဂျွန်ကယ်ရီကို ပြောကြားလိုက်သည်။ ကြေညာချက်တွင် အမေရိကန်နိုင်ငံသည် စကားအပြောအဆိုနှင့် အပြုအမှုများကို သတိထားဆောင်ရွက်သင့်ကြောင်း၊ တရုတ်နိုင်ငံ၏ အချုပ်အချာအာဏာနှင့် လုံခြုံရေး အကျိုးစီးပွားကို ထိခိုက်မည့် မည်သည့်လုပ်ဆောင်ချက်ကိုမျှ မပြုလုပ်သင့်ကြောင်း ဖော်ပြထားသည်။
Credit To >>> Democracy Today

0 comments:

Post a Comment