Thursday, April 28, 2016

နိုင်ငံတွင်းသို့ တရုတ်ကုမ္ပဏီတွေ သံမဏိ တင်သွင်းနေမှု ရပ်ဆိုင်းသွားဖို့ အမေရိကန် ကုမ္ပဏီ Campaign တစ်ခုပြုလုပ်

နိုင်ငံထဲကို တရုတ်ရဲ့ သံမဏိတင်ပို့မှုအားလုံးရပ်ဆိုင်းသွားဖို့ အရေး
တားဆီးသွားမယ့် Campaign တစ်ခုကို အမေရိကန် သံမဏိထုတ်
လုပ်ရေး ကုမ္မဏီတစ်ခုဖြစ်တဲ့ US Steel Corp က စတင်လုပ်ဆောင်
နေပြီဖြစ်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။
လက်ရှိအချိန်မှာ
အမေရိကန်နဲ့ လက်ရှိ ကမ္ဘာ့အကြီးဆုံး သံမဏိထုတ်လုပ်သူနိုင်ငံ
တရုတ်တို့အကြား ကုန်သွယ်မှုပိုင်း တင်းမာမှုကအရှိန်မြင့်လာ နေချိန်မှာပဲ
ခုလိုမျိုး အမေရိကန် ကုမ္မဏီတစ်ခုက ရဲရင့်တဲ့ ခြေလှမ်းတစ်ရပ်ကို စလှမ်း
လိုက်တာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ တရုတ်ရဲ့ ဒါဇင်ပေါင်းများစွာသော သံမဏိတင်သွင်းသူ
ကုမ္ပဏီတွေနဲ့ ဖြန့်ဖြူးသူတွေရဲ့ ဈေးနှုန်းတွေစိတ်ကြိုက်သတ်မှတ်မှု၊
ကုန်သွယ်ရေး ဆိုင်ရာ လျှို့ဝှက်ချက်တွေကို ခိုးယူနေမှုနဲ့ မမှန်မကန်
တံဆိပ်တပ်ပြီးတော့ ကုန်သွယ် အခွန်အခပိုင်းမှာ အသာရအောင်
လုပ်ဆောင်နေမှုတွေကို တာဝန်ရှိသူတွေက စည်းကြပ်တားမြစ်ပေးဖို့
အတွက် အမေရိကန် သံမဏိထုတ်လုပ်သူကုမ္မဏီက အမေရိကန်
နိုင်ငံတကာ ကုန်သွယ်မှု ကော်မရှင်ဆီကို ကန့်ကွက်စာ တင်ပြတောင်းဆိုထားတာပဲဖြစ်ပါတယ်။
အလားတူ လက်ရှိ ကမ္ဘာ့သံမဏိဈေးကွက်ထဲမှာ အလွန်အကျွံထုတ်လုပ်
တင်သွင်းနေမှုနဲ့ ၀ယ်လိုအားနှေးကွေးလေးလံနေတဲ့အချိန်မှာ ခုလိုမျိုး ကန့်ကွက်တောင်းဆိုချက် ထွက်ပေါ်လာတာက တရုတ်နိုင်ငံနဲ့ အဓိက သံမဏိထုတ်လုပ်သူ နိုင်ငံတွေအကြားက တင်းမာမှုတွေကို အရှိန်မြင့်
လာစေနိုင်တယ်လို့ လေ့လာသူတွေက ပြောကြားကြပါတယ်။
ယခုလို အမေရိကန် သံမဏိကုမ္ပဏီရဲ့ တိုင်ကြားစာထဲမှာတော့ တရုတ်ရဲ့
ထိပ်တန်းသံမဏိထုတ်လုပ်သူ ကုမ္ပဏီ တွေဖြစ်ကြတဲ့ Hebei Iron & Steel Group ၊ Anshan Iron and Steel Groupနဲ့ Shandong Iron & Steel Group Co တို့ဟာဆိုရင် လုပ်ငန်းမူပိုင်ခွင့်ခိုးယူမှုနဲ့ပတ်သက်လို့ ကာကွယ်လိုတယ်ဆိုပြီး ဖော်ပြထားပါတယ်။
ယခုကိစ္စမတိုင်ခင်ကလည်း တရုတ်နိုင်ငံအနေနဲ့ ယင်းရဲ့ သံမဏိလုပ်ငန်းမှာ အလွန်အကျွံထုတ်လုပ်နေတာကို လျှော့ချဖို့နဲ့ မလျှော့ရင်တော့ ကုန်သွယ်ရေးဆိုင်ရာ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုပြီး အမေရိကန်က သတိပေးထားခဲ့ပါတယ်။ အလားတူ သြစတြေးလျ အစိုးရကလည်း ပြည်တွင်းက သံမဏိထုတ်လုပ်သူတွေရဲ့အကျိုးကို ကာကွယ်ဖို့အတွက် တရုတ်ဆီကနေတင်သွင်းနေတဲ့သံမဏိ ထုတ်ကုန်တွေကို အခွန်အကောက်တွေ တိုးမြင့်သတ်မှတ်တော့မယ်လို့ ကြေညာသွားခဲ့ပါတယ်။
Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment