PlayStation VR နားကြပ်ကို ဒေါ်လာ (၃၉၉) ဈေးနှုန်းနဲ့ အောက်တိုဘာလမှာ ရရှိမယ်လို့ ဆိုနီ ဥက္ကဌ အင်ဒရူးဟောက်စ်က ဆန်ဖရန်စစ္စကိုပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Virtual Reality လို့ခေါ်တဲ့ အပြင်မှာ တကယ်မြင်နေရတဲ့အတိုင်း ကြည့်ရှုနိုင်တဲ့ နည်းပညာ headset တွေရဲ့ ဈေးနှုန်းပြိုင်ဆိုင်မှုတွေက
အဆိုပါ နားကြပ်ကိရိယာဟာ ဧပြီလ ၅ ရက်နေ့က ထွက်ရှိတဲ့ HTC Vive ထက် ဒေါ်လာ (၄၀၀) လျော့နည်းပြီး ယခုလနှောင်းပိုင်းမှာ ထွက်မယ့် Oculus Rift ထက် ဒေါ်လာ (၂၀၀) ပိုပြီး လျော့နည်းမှာဖြစ်ပါတယ်။
ဂိမ်းကစားရာမှာ Play Station VR နားကြပ်ဟာ PlayStation 4 နဲ့ PlayStation Camera တို့ လိုအပ်မှာဖြစ်ပါတယ်။ အဆင်သင့် VR စနစ်တစ်ခုလုံး သုံးနိုင်ဖို့ဆိုရင် ဒေါ်လာ ၇၄၉ ကုန်ကျမှာဖြစ်ပါတယ်။ Camera တစ်လုံးတည်းအတွက် ၄၅ ဒေါ်လာသာ ကုန်ကျမှာဖြစ်ပါတယ်။
တစ်ကမ္ဘာလုံး PlayStation 4 တပ်ဆင်အသုံးပြုမှု (၃၆) သန်းရှိတယ်လို့ သိရပါတယ်။
Credit To >>> Mizzima Burmese
Wednesday, March 16, 2016
PlayStation VR နားကြပ်ကို ဒေါ်လာ (၃၉၉) နဲ့ ရရှိမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment