သြစတေးလျရေပိုက်နက်သို့ ၀င်ရောက်ရန်ကြိုးစားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းလာသူ ၆ ဦးကို နယ်ခြားစောင့်တပ်ဖွဲ့က အင်ဒိုနီးရှားနိုင်ငံသို့ ငါးဖမ်းသင်္ဘောတစ်စင်းဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူတစ်ဦးကပြောသည်။
သြစတေးလျ၏ အငြင်းပွားဖွယ် ပေါ်လစီကို ဆန့်ကျင်သော အင်ဒိုနီးရှားနိုင်ငံက ယင်းကိစ္စကို ဝေဖန်ခဲ့ပြီး ယင်းလုပ်ရပ်သည် ပင်လယ်ပြင်တွင် အန္တရာယ်ရှိစေနိုင်ကြောင်း သတိပေးပြောကြားသည်။ အမျိုးသား ၆ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား နှစ်ဦး တို့သည် သြစတေးလျနိုင်ငံသို့ ရောက်ရှိရန် ပြီးခဲ့သည့် သီတင်းပတ်က အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းမြို့ ကူပန်းမှ ထွက်ခွါခဲ့ကြခြင်း ဖြစ်သည်။
Friday, March 11, 2016
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ တင်ဆောင်ထားသောလှေကို သြစတေးလျက အင်ဒိုနီးရှားသို့ ပြန်ပို့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment