ANP ပါတီ၏ (၁/၂၀၁၆) နှင့် (၂/၂၀၁၆) ထုတ်ပြန်ချက်များကို ကန့်ကွက်ကာ ရန်ကုန်မြို့ တော်ဝင်းနှင်းဆီတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်သူ ANP ပါတီဝင်ခြောက်ဦးကို ပါတီမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း မတ် ၁၃ ရက် ဆွေးနွေးချက်အရ သိရသည်။
အဆိုပါ ပါတီဝင်ခြောက်ဦးတို့သည် ပါတီမှ သဘောထားထုတ်ပြန်ချက်ကို ကျေနပ်မှုမရှိလျှင် ပါတီတွင်း သဘောထားတင်ပြခွင့်များ ရှိခဲ့သော်လည်း လူသိရှင်ကြား လုပ်ဆောင်ခြင်းမှာ ပါတီဖွဲ့စည်းပုံပါ စည်းကမ်းများကို ချိုးဖောက်ရာရောက်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အသိမှတ်ပြုမထားသော (ALD) ဟုသုံးစွဲခြင်းသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို ချိုးဖောက်ရာရောက်ခြင်း၊ ရခိုင်အမျိုးသား ပါတီ၏ (ANP) ပုံရိပ်ကို ထိခိုက်စေခြင်းများအပြင် ပါတီနာမည်ကွဲဖြင့် အုပ်စုခွဲရာရောက် ခြင်းတို့ကြောင့် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ရခြင်းဖြစ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။
ယင်းသို့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ရန်အတွက် ပါတီဗဟိုကော်မတီဝင်များက မတ် ၁၂ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာတွင်လည်းကောင်း၊ ၁၃ တွင် ပါတီ၏ ဗဟိုဌာနချုပ်ရုံးတွင်လည်းကောင်း နှစ်ရက်ကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထုတ်ပယ်ခံရသည့် ခေါင်းဆောင်များမှာ ဦးမျိုးကျော်၊ ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးထွန်းရွှေသိန်း၊ ဦးမျိုးဆွေနှင့် ဦးသန်းနိုင်မြင့်တို့ဖြစ်ကြောင်း သိရသည်။
Credit To >>> Eleven Media Group
Monday, March 14, 2016
ANP ပါတီ၏ (၁/၂၀၁၆) နှင့် (၂/၂၀၁၆) ထုတ်ပြန်ချက်များကို ကန့်ကွက်ကာ ရန်ကုန်မြို့ တော်ဝင်းနှင်းဆီတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်သူ ANP ပါတီဝင်ခြောက်ဦးကို ပါတီမှ ထုတ်ပယ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment