Saturday, November 7, 2015

တောင်ကျချောင်းရေကြောင့်ပျက်စီးသွားသော ဆည်ကြီးချောင်းတံတား ကျပ်သိန်း ၃၀၀၀ ဖြင့် ပွင့်လင်းရာသီအမီ အပြီးတည်ဆောက်မည်


  စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့မြောက်ပိုင်း ဒေ သသို့ ကျေးရွာပေါင်း ၂၀ ကျော် နှင့် ကလေးမြို့သို့ ဆက်သွယ်သွား လာရာတွင် အဓိကကျသည့်အရှည် ပေ ၂၀၀ ကျော်ရှိ 'ဆည်ကြီးချောင်း' တံတားကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် ဆောက် လုပ်ရေးဝန်ကြီးဌာနမှ တည် ဆောက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်သန်းကပြောသည်။

''ဇူလိုင်လကုန်ပိုင်းက ဆည် ကြီးချောင်းရေတိုက်စားမှုကြောင့် တံတားပျက်စီးခဲ့ရတာ ဖြစ်ပါတယ်၊ နောက်ထပ်တည်ဆောက်တဲ့ ယာ ယီတံတားကလည်း စက်တင်ဘာလ မိုးရွာသွန်းမှုမှာ ပျက်စီးခဲ့ပါတယ်။ အခုသက်ဆိုင်ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပညာရှင်တွေလေ့ လာစမ်းသပ်မှု ဆောင်ရွက်နေပါ တယ်၊ ပွင့်လင်းရာသီမှာ အမြန်ဆုံး ပြီးစီးအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်''ဟု ဦးခင်မောင်သန်းက ထပ်လောင်းပြောသည်။
စက်တင်ဘာလကုန်ရက်ပိုင်း ရေမြစ်ဖြိုးဌာန၏ တိုင်းထွာချက်အ ရ ပေ ၆၀ အကျယ်ရှိ ကွန်ကရစ် တိုင် ၃ တိုင်ဆောက်လုပ်ရန် လိုအပ် ကြောင်း ယင်းဌာနမှတာဝန်ရှိသူ တစ်ဦးကပြောသည်။ ကလေးအခြေ စိုက်ဆောက် လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ၏ အဆိုအရ ရေနည်း ကာလဖြစ်သည့် ယခုလာမည့်မတ် လတွင် လုပ်ငန်းစတင်မည်ဖြစ်ပြီး မိုး ဦးကာလတွင် အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ဆောက်လုပ် မယ့် တံတားက ကွန်ကရစ်တံတား ဖြစ်ပါတယ်။ တံတားအကျယ် ၁၈ ပေပါ''ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိ သူတစ်ဦးကလည်း ပြောသည်။
ဆည်ကြီးတံတားကို ၂၀၁၆-၂၀၁ရ ဘတ်ဂျက်ဖြင့်တည်ဆောက် မည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ဆောက်လုပ်မည်ဖြစ် ရာ ဆောက်လုပ်ရမည့်အနေအထား ပုံစံထုတ်လုပ်မှုတို့ကို ဆောက်လုပ် ရေး ဝန်ကြီးဌာနမှပညာရှင်များနှင့် ရေအရင်းအမြစ်ဦးစီးဌာနမှ ပညာ ရှင်များက တိုင်းတာဆွေးနွေးတိုင် ပင်၍ တံတားပုံစံထုတ် ဆောက်လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

Credit To >>> Democracy News 

0 comments:

Post a Comment