Saturday, November 7, 2015

ရွေးကောက်ပွဲရလဒ်ထုတ်ပြန်မည့် မီဒီယာစင်တာ ရန်ကုန်နှင့် နေပြည်တော်တွင်ဖွင့်လှစ်မည်


ရွးကောက်ပွဲရလဒ်များကို ထုတ်ပြန်ကြေညာ မည့် မီဒီယာစင်တာနှစ်ခုကို ရန်ကုန်နှင့် နေပြည်တော်တွင် နိုဝင်ဘာ ၈ ရက်နေ့မှ စတင်ကာဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက် ပွဲကော်မရှင်မှ ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ သတင်းအချက်အလက်စင်တာများကို နေပြည်တော် ရှိပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်ရုံးနှင့်ရန်ကုန်မြို့ရွှေလီလမ်းရှိ သတင်းအချက်အလက်စင်တာတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကော်မရှင် ၏ ခွင့်ပြုချက်လက်မှတ်ရရှိထားသည့် မီဒီယာများ၊ စောင့်ကြည့်လေ့လာ သူများ၊ ကော်မရှင်နှင့် တွဲဖက်လုပ် ကိုင်နေသည့် အရပ်ဘက်အဖွဲ့အစည်း များနှင့်နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများကို ဝင်ရောက်ခွင့်ပြုသွား မည်ဖြစ်ကြောင်းသိရသည်။
ယင်းမီဒီယာစင်တာများတွင် ရွေးကောက်ပွဲရလဒ်များအား LED Screen များဖြင့် ကြေညာသွားမည် ဖြစ်ပြီးရွေးကောက်ပွဲဆိုင်ရာ သတင်း အချက်အလက်စာရွက်စာတမ်းများ နှင့် အကြံပြုချက်များလည်းရယူနိုင် မည်ဖြစ်ကြောင်းသိရသည်။
နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးရှိ မီဒီ ယာစင်တာကို နိုဝင်ဘာ ၈ ရက်နေ့ မှ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရန်ကုန်ရှိသ တင်းအချက်အလက်စင်တာကို နိုဝင်ဘာ ၈ ရက်မှ ၁၂ ရက်နေ့အထိ နံနက် ၈ နာရီမှ ည ၈ နာရီအထိဖွင့်လှစ်သွားမည်ဖြစ်ကာ နိုဝင်ဘာ ၉ ရက်နေ့ တွင်မူ နံနက် ၈ နာရီမှ ၁၀ ရက်နေ့ နံနက် ၂ နာရီအထိ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်းသိရသည်။
နေပြည်တော်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးရှိ မီဒီယာ စင်တာတွင် နိုဝင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေ့စဉ် ညနေ ၄ နာရီတွင် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်သွားမည်ဖြစ်ကာ ယင်းသတင်း စာရှင်းလင်းပွဲများကို ရန်ကုန်ရှိ မီဒီယာ စင်တာတွင် တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်းသိရသည်။

Credit To >>> Democracy News 

0 comments:

Post a Comment