ကျိုက်ထီးရိုးသို့ လာရောက်သော
ဘုရားဖူးများ အခက်အခဲတစ်စုံတစ်ရာရှိပါက ကူညီနိုင်ရန် အတွက် ပြည်တွင်း ခရီး
သွား ဝန်ဆောင် မှုအသင်းမှ ကင်ပွန်းစခန်းတွင် ရုံးခွဲဖွင့်လှစ်သွားမည်
ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာလ အတွင်းဖွင့်လှစ်သွားမည်ဖြစ်ပြီး
ပုံမှန်ဝန်ထမ်း တစ်ယောက်ထားရှိကာ အသင်းမှ ကော်မတီဝင်များ အလှည့်ကျ
ရုံးထိုင်၍ ခရီးသွားများ၏ အခက်အခဲများကို ကူညီပေးသွား မည် ဖြ စ်ကြောင်း၊
ကျိုက်ထီးရိုးဘုရားသို့ ပြည်တွင်းခရီးသွားများ အများဆုံး သွား
ရောက်ကြသောကြောင့် ကင်ပွန်းစခန်းတွင် ရုံးခွဲဖွင့်ရန်စီ စဉ်ခြင်း
ဖြစ်ကြောင်း အဆိုပါ အသင်းဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
”တချို့တွေက အချိန်မှားပြီးကျန်ခဲ့တာ။
ကားမရလို့ဘုရားမှာ ကျန်ခဲ့တာ၊ ကင်ပွန်းစခန်းမှာ ကျန်ခဲ့တာတွေ ရှိတယ်။
အဲဒါမျိုးတွေလည်း ကူညီပေးမှာပေါ့။တချို့ဆို
ခါးပိုက်နှိုက်ခံရလို့၊စရိတ်ကုန်သွားလို့ပြန်စရာ ကားခ မရှိတော့တာတွေလည်း
ဖြစ်တယ်။ နောက်ပြီး ရန်ကုန်ပြန် ဖို့ကားမရတော့တာ တွေပေါ့။ အဲဒါမျိုးတွေကို
တတ်နိုင်သလောက်ကူညီပေးဖို့ပါ” ဟု ၎င်းက ပြောသည်။ နောက်ပိုင်း တွင် ရွှေ စက်တော်
ဘုရား၊ ချောင်းသာကမ်းခြေ တို့တွင်လည်း ပြည်တွင်းခရီးသွား ဝန်ဆောင်မှုအသင်း
ရုံးခွဲဖွင့်ရန် စီစဉ်ထားကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့၌
ပြည်တွင်းဘုရားဖူးလုပ်ငန်း ၄ဝဝ ခန့်ရှိသော်လည်း အသင်းဝင်ဦးရေ မှာ ၁၇ဝ
သာရှိသေးကြောင်း၊ သို့သော် လည်း အသင်းဝင်မဟုတ် သည့်ဘုရားဖူးကားများဖြင့်
ကျိုက်ထီးရိုးသွားသူများလည်း အခက် အခဲ တစ်စုံတစ်ရာရှိပါက လာ ရော က်
အကူအညီတောင်းခံနိုင်ကြောင်း ၎င်းကပြောသည်။ကျိုက်ထီးရိုးသို့ ပြည်တွင်းခရီးသွား
များစွာ နှစ်စဉ်လာရောက်ေ သာကြောင့် ခရီး သည်များအား ကူညီရန်
ရုံးဖွင့်သည်မှာ လုပ်သင့်သော ကိစ္စဖြစ်ကြောင်း၊ ရုံးခန်းဖွင့် ပြီး
အမှန်တကယ် အလုပ်လုပ်ရန်သာလိုကြောင်း ယခုလအတွင်း
ကျိုက်ထီးရိုးသို့ဘုရားဖူးသွားခဲ့ သော အမျိုးသားတစ်ဦးက ဆိုသည်။
ကျိုက်ထီးရိုးဘုရား၏ ဗုဒ္ဓ ပူဇနိယပွဲတော် ဖွင့်ပွဲ ကို အောက်တိုဘာ ၂၈
ရက်နေ့က ပြုလုပ်ခဲ့ပြီး ပွဲတော်ကာလကို ၂ဝ၁၆ ခုနှစ် မေလအထိ ခုနစ်လကျော်ကြာ
ကျင်းပသွားမည် ဖြစ်သည်။
Credit To >>> Popular News
0 comments:
Post a Comment