Monday, November 9, 2015

ခရီးသွားဧည့်သည် သန်း ၂ဝ အထိ ဝင်ရောက်နိုင် ရန်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်မှု ၂ဝ၁၇ ခုနှစ်တွင် ပြီးစီးမည်

ရန်ကုန်အပြည်ပြည်ဆိုင် လေဆိပ်ကို တစ်နှစ်ပတ်လုံး ခရီးသွားဧည့်သည် သန်း၂ဝ အထိ ဝင်ရောက်နိုင် မည့် လေဆိပ်အဖြစ်အဆင့်မြှင့်တင်ရေး စီမံကိန်းသည် ၂ဝ၁၇ ခုနှစ်တွင် ပြီးစီး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီ (MIC) ဥက္ကဋ္ဌက ပြောသည်။
အဆိုပါ စီမံကိန်းတွင် ကားပါကင်များ၊ လူသွား လမ်းများ၊ ကားလမ်းများနှင့် လေဆိပ် Passenger Terminal မှ ကားပါကင်တိုက်ရိုက် ကားလမ်းခုံးကျော် အဆောက်အအုံများ ပါဝင်မည် ဖြစ် ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မတီ၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အေးရှားဝေါလ်ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံ CPG တို့မှ ပူးပေါင်းဆောင်ရွက် နေခြင်းဖြစ်သည်။

Terminal -2 လုပ်ကွက်ကို ၂ဝ၁၄ ခုနှစ် ဧပြီလတွင် စတင်ခဲ့ပြီး ယခုနှစ် ကုန်ပိုင်းတွင် မြေညီထပ် နှင့်ပထမထပ်တို့ကို ခရီးသွား လုပ်ငန်း စတင် နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
အဆိုပါ လုပ်ကွက်ပြီးစီးပါက တစ်နှစ်လျှင် ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည် ခြောက်သန်း ကျော် သွားလာနိုင်မည်ဖြစ်ရာ စုစုပေါင်း အလွှာငါး ခုရှိမည်ဖြစ်ပြီး basement အလွှာတွင် service tunnel ဖြစ်ကာ ထောက်ပံ့ရေး စက်ကိရိယာများ တပ်ဆင် ထားမည်ဖြစ်ကြောင်း သိရသည်။ မြေညီထပ်၌ တက္ကစီအဝင် အထွက်မုခ်ဦးများပါပြီး ခရီးသွားဦးရေ ၅၆ ဦး check-in counter ပြုလုပ်ခြင်း၊ arrival passport control ပြုလုပ်ခြင်းနှင့် baggage ပြုလုပ်ခြင်းတို့ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
လေဆိပ်ဝင်းအတွင်း၌ လေယာဉ် ဆိုက်ကပ်ကာ ခရီးသည်တင်ချပြုလုပ် နိုင်ပြီး တခြားဝန်ဆောင်မှု လုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ Terminal -2 လုပ်ကွက်နှင့် လက်ရှိပြည်ပ terminal-1 အပါအဝင် Domesticterminal နှင့် တခြား အဆောက်အအုံ အလုံးစုံကို သုံးနှစ် စီမံကိန်းဖြင့် ၂ဝ၁၇ ခုနှစ်တွင် အပြီးဆောင်ရွက် သွားမည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Credit To >>> Myanmar Breaking News 

0 comments:

Post a Comment