Saturday, November 7, 2015

နိုင်ငံတကာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ပညာရေးဝန်ကြီးဌာနအောက်ရှိကျောင်းများသို့ ပြောင်းရွှေ့ခွင့် Placement Test ကို လာမည့်ဖေဖော်ဝါရီတွင်စစ်ဆေးနိုင်ဖွယ်ရှိ


နိုင်ငံတကာ ကျောင်းများမှ ကျောင်းသားကျောင်းသူများ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများ နှင့် ပုဂ္ဂလိကကျောင်းများသို့ ပြောင်း ရွှေ့ခွင့် Placement Test ကို လာ မည့်နှစ်ဖေဖော်ဝါရီလတွင် စစ်ဆေး နိုင်ဖွယ်ရှိကြောင်းသိရသည်။

နိုင်ငံတကာ ကျောင်းများမှ အကြောင်းအမျိုးမျိုးကြောင့် အစိုးရ ကျောင်း များသို့ ပြန်လည်ပြောင်းရွှေ့ လိုသော ကျောင်းသားကျောင်းသူများအတွက် ဝင်ခွင့်စာမေးပွဲကို ပညာ ရေးဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ် ဇွန်လ တွင်စတင်ခေါ် ယူခဲ့ပြီး ၂၀၁၅ ခုနှစ် အတွက် ဇန်နဝါရီလတွင်ခေါ်ယူခဲ့ ကြောင်း လာမည့်ပညာသင်နှစ်အ တွက် ယင်းစာမေးပွဲကို ဖေဖော်ဝါရီ လတွင်ခေါ်ယူနိုင်ကြောင်း အခြေခံ ပညာဦးစီးဌာန(ရန်ကုန်)မှ သိရသည်။
''လာမယ့်နှစ်အတွက် ခါတိုင်း ခေါ်ယူနေကျဆိုရင် ဖေဖော်ဝါရီလ လောက် မှာ လျှောက်လွှာစပြီးတော့ ခေါ်တယ်။ မတ်လ၊ ဧပြီလလောက် အထိပေါ့။ ပြီးတော့ဧပြီ၊ မေလောက် မှာစာမေးပွဲစစ်ပြီးတော့ အောင်စာရင်း ထုတ်ပေးတယ်။ ဇွန်လမှာ ကျောင်း တစ်ခါတည်းတက်လို့ရအောင်လုပ် တယ်။ ဒီနှစ်တော့ အခြေခံပညာဦး စီးဌာနရုံးချုပ်ကနေ စာထုတ်မှာ ဖြစ်တဲ့အတွက် ဘယ်လလောက်မှာ စပြီးခေါ်မလဲတော့မသိသေးဘူး။ ရုံး ချုပ်က ညွှန်ကြားမှပဲ ဘယ်လလောက် မှာခေါ်မယ်ဆိုတာသိရမှာပါ''ဟု အခြေခံပညာဦးစီး ဌာ(ရန်ကုန်)မှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့ ကပြောကြားသည်။
နိုင်ငံတကာကျောင်းများမှ ပညာရေးဝန်ကြီးဌာနလက်အောက် ရှိကျောင်းများကို ပြန်လည်ပြောင်း ရွှေ့လိုသော ကျောင်းသားကျောင်း သူများအတွက် Placement Test ဖြေဆိုခွင့်ကို ပထမအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်ဇွန်လတွင် ခေါ်ယူခဲ့ရာ ကျောင်းသားကျောင်းသူ ၁၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ရာနှုန်းပြည့် အောင်မြင်ခဲ့ကြကြောင်း၊ ဒုတိယ အကြိမ်အဖြစ် ဇူလိုင်လတွင် ထပ်မံ ခေါ်ယူခဲ့ရာ ဦးရေ ၃၀ ကျော် ထပ်မံ ဖြေဆိုခဲ့ကြောင်းသိရသည်။
''နိုင်ငံတကာကျောင်းမှာ သူတို့ တက်ချင်တဲ့အတန်းကို Placement Test အရင်ဖြေပြီး အောင်ရင် သူတို့ လိုချင်တဲ့အတန်းကိုတက်လို့ရမယ်။ မအောင်ရင်မရဘူး။ သူတို့က ဟိုဘက် မှာ ဘယ်နှတန်းတက်ခဲ့ပြီး ဒီဘက်မှာ ဘယ်အတန်းနဲ့ညီမလဲဆိုတာကို မသိနိုင်ဘူး''ဟု အခြေခံပညာဦးစီး ဌာန(ရန်ကုန်)မှ ညွှန်ကြားရေးမှူး တစ်ဦးကပြောသည်။
Placement Test ဖြေဆိုရန် လျှောက်ထားသူများသည် မိမိတက် ရောက် ခဲ့သည့်ကျောင်းမှ ဖြေဆိုအောင် မြင်ခဲ့သည် Leve l ကိုထောက်ခံ ချက်မူရင်း၊ အောင်လက်မှတ်မူရင်း တင်ပြပေးရမည်ဖြစ်ကြောင်း၊ အသက် အတွက်မွေးစာရင်း၊ ထောက်ခံချက်တစ်ခုခုကိုလည်း တင်ပြပေးရ မည် ဖြစ်ကြောင်းသိရသည်။
ဖြေဆိုမည့်သူများသည် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထား သော အတန်းအလိုက် သင်ရိုးညွှန်း တမ်းအတိုင်း ဘာသာရပ်များကို ဖြေ ဆိုရမည်ဖြစ်ကြောင်း၊ ဖြေဆိုလိုသော အတန်းနှင့် ကျောင်းမွေးသက္ကရာဇ် အရ အသက်ကိုက်ညီရမည်ဖြစ် ကြောင်းသိရသည်။

Credit To >>> Democracy News 

0 comments:

Post a Comment