
တက္ကသိုလ်ဝင်ခွင့်ရရှိထားသော ကျောင်းသား၊ ကျောင်းသူများအကြောင်းအမျိုးမျိုး ကြောင့် ကျောင်းအပ်နှံမှုနောက်ကျလျှင်
အကျိုးအကြောင်းခိုင်လုံပါက သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ
စိစစ်လက်ခံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ယခုနှစ်တက္ကသိုလ်ဝင်ခွင့် တွင် တက္ကသိုလ်အသီးသီးသို့ ပထမနှစ်
ဘွဲ့ကြိုကျောင်းသားများအဖြစ် ဝင်ခွင့်ရရှိထားသော ကျောင်းသား၊
ကျောင်းသူများအနေဖြင့် မိမိတို့တက် ရောက်ရမည့် တက္ကသိုလ်၏ကျောင်း
အပ်လက်ခံချိန်အတိုင်း အချိန်မီ ကျောင်းအပ်နှံရန် လိုအပ်ကြောင်း၊
အကြောင်းတစ်ခုခုကြောင့် ကျောင်းအပ်နောက်ကျလာခြင်းများရှိလာပါ ကလည်း
တက္ကသိုလ်များအနေဖြင့် စိစစ်လက်ခံပေးမှုများဖြင့် ဝင်ခွင့်ရရှိ ရန်
ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှသိရသည်။
''ကျောင်းသား၊ ကျောင်းသူ တွေအနေနဲ့ ကိုယ်တက်ရမယ့်တက္ကသိုလ်တွေရဲ့
ကျောင်းအပ်လက်ခံချိန်ကို ဝီရိယထားပြီးအချိန်မီ အပ်နှံကြပါလိုပါတယ်။
အကြောင်းတစ်ခုခု ကြောင့် ကျောင်းသားတစ်ယောက်ဟာ နောက်ကျသွားမယ်ဆိုရင်လည်း
ကျောင်းတွေကနေပြီးတော့ အကျိုး အကြောင်းခိုင်လုံမှုအပေါ်မူတည် ပြီး
နောက်ကျတွေအဖြစ် လက်ခံ ပေးပါလိမ့်မယ်။ ကျောင်းပြောင်း ကျောင်းရွှေ့တွေကတော့
ကျောင်း ဖွင့်ပြီး နှစ်ပတ်အကြာမှ ဆောင်ရွက် နိုင်ပါမယ်''ဟု အဆင့်မြင့်ပညာဦး
စီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ် သန်းသန်းဝင်းက ပြောသည်။
တက္ကသိုလ်ဝင်ခွင့်တွင် နေ့တက် ကျောင်းများမှ အဝေးသင်တက္ကသိုလ်သို့လည်းကောင်း၊
အဝေးသင်တက္ကသိုလ်မှ နေ့တက်ကျောင်းများသို့ လည်း ကောင်း
ပြောင်းရွှေ့လျှောက်ထား၊ လိုသော ကျောင်းသား၊ ကျောင်းသူ များသည်
မိမိတို့မူလဝင်ခွင့်ရရှိထား သည့် တက္ကသိုလ်ဒီဂရီကောလိပ်တို့ ၏
ကျောင်းဖွင့်ပြီး ၂၁ ရက်အတွင်း သာ ပြောင်းရွှေ့လျှောက်ထားနိုင်မည်
ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်တွင်ဖော်ပြထားသည်။
ကျောင်းအပြောင်းအရွှေ့ လျှောက်ထားသူများ၏ မိဘများ သည်
နိုင်ငံ့ဝန်ထမ်းဖြစ်ပါက မိမိတို့ ဝင်ခွင့်ရရှိသော ကျောင်းတွင်သတ်
မှတ်ကြေးများ ပေးသွင်းမှတ်ပုံတင်ခြင်းများမပြုလုပ်ဘဲ ပြောင်းရွှေ့နေထိုင်
သော တက္ကသိုလ်၊ ကောလိပ်သို့တိုက်ရိုက်လျှောက်ထားနိုင်ကာ အခြား
အကြောင်းအရင်းများကြောင့် ပြောင်း ရွှေ့လိုသူများသည် ဝင်ခွင့်ရရှိသော
ကျောင်းသတ်မှတ်ကြေးများပေးသွင်း မှတ်ပုံတင်ပြီး ပါမောက္ခချုပ်ကျောင်း
အုပ်ကြီးများထံတွင် ပြောင်းရွှေ့လိုသည် ကိုတင်ပြပြီး ကျောင်းဖွင့်ပြီး ၂၁
ရက် အတွင်းလျှောက်ထားရမည်ဖြစ် ကြောင်းသိရသည်။
Credit To >>> Yangon Media Group
Wednesday, November 4, 2015
ကျောင်းအပ်နှံမှုနောက်ကျသော တက္ကသိုလ်ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများ အကျိုးအကြောင်းခိုင်လုံပါက စိစစ်လက်ခံပေးသွားမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment