Wednesday, July 15, 2015

MPT က အော်တိုလိုင်းဖုန်း တပ်ဆင်ခကို ကျပ် ၆၅၀,၀၀၀ ကနေ ကျပ် ၃၂၅၀၀၀ အထိ ထက်ဝက်လျှော့ချ

 
 မြန်မာဆက်သွယ်ရေးလုပ်ငန်း (MPT) အော်တိုလိုင်းဖုန်း (PSTN) တပ်ဆင်ခ ကို အရင် ကျပ် ၆၅၀,၀၀၀ ကနေ အခု ကျပ် ၃၂၅,၀၀၀ အထိ ထက်ဝက်လျှော့ချ
ပေးမယ်လို့ ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။




လိုင်းဖုန်းတွေကို အိမ်သုံးသာမကဘဲ စီးပွားရေးလုပ်ငန်းသုံးတွေအတွက်ပါ ပိုမို သက်သာစွာ သုံးစွဲနိုင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်
ပြန်ခဲ့ပါတယ်။

နောက်နှစ်အနည်းငယ်အတွင်းမှာ လိုင်းဖုန်းတွေရဲ့ လက်ရှိစွမ်းဆောင်ရည် ကို မြန်မာဆက်သွယ်ရေးလုပ်ငန်း (MPT) က နှစ်ဆမြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းတွေနဲ့ လိုင်းသုံးဖုန်းခွဲတွေ သုံးစွဲဖို့နဲ့ ADSL အင်တာနက် သုံးစွဲဖို့အတွက် လိုင်းဖုန်းတွေကို ပိုမို လိုအပ်နေရာ လိုင်းဖုန်း တပ်ဆင်ခကို
လျှော့ချလိုက်ခြင်းဖြင့် အိမ်သုံး၊ လုပ်ငန်းသုံး လိုင်းဖုန်း တပ်ဆင်မှုတွေ ပိုမို များပြားလာမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မျှော်လင့်လျက်ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးလာဖို့အတွက် မြန်မာ့ဆက်သွယ်
ရေး (MPT) နဲ့ KDDI၊ Sumitomo ကော်ပိုရေးရှင်တို့ ပူးပေါင်းပြီး အမေရိကန်
ဒေါ်လာ နှစ်ဘီလျံ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။

Credit To >>>SFJ News

0 comments:

Post a Comment