ပုဂံရှေးဟောင်း
ယဉ်ကျေးမှုနယ်မြေတွင် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး
အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)
နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ အကြား ပူးပေါင်း
ဆောင်ရွက်မှု အစီအစဉ်ကို ကနဦး အချက် ၁၆ ချက်အ ပေါ်အခြေခံကာ စတင်အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အချက်များထဲတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ၏ ယဉ်ကျေးမှု
အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများအား
မြှင့်တင်ဆောင်ရွက်ခြင်းသည်
ပုဂံဒေသခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် JICA နှင့်
ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများထဲတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု
နယ်မြေအတွင်း ခရီးသွား ဧည့်သည်များအား လှည့်လည်ပို့ဆောင်ရေး
လုပ်ငန်းများအား အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း၊ ဇုန်နယ်နိမိတ်များ၊
လမ်းဧရိယာများ စသည်တို့ကို စနစ်တကျပြင်ဆင် သတ်မှတ်ခြင်း၊ ခရီးသွားများ
လှည့်လည်သွားလာ ရာတွင် အသုံးပြုသော လမ်းကြောင်းများ ပိုမိုတိုးတက်
ကောင်းမွန်လာစေရန် စီမံဆောင်ရွက်ခြင်း အစရှိသော ပုဂံရှေးဟောင်းဒေသ၏
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ဆိုင်ရာ အချက်အလက် များလည်း
ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ယဉ်ကျေးမှု
ဝန်ကြီးဌာနသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအား ကမ္ဘာ့ရှေးဟောင်း
အမွေအနှစ်စာရင်းတွင် ထည့်သွင်း အသိအမှတ်ပြု ခံရစေရေးအတွက် ပုဂံယဉ်ကျေးမှု
အမွေအနှစ်ဒေသကို ဇုန်နယ်နိမိတ်များ ပြင်ဆင်သတ်မှတ်ရန်နှင့် ပုဂံဒေသအတွင်း
လတ်တလောဆောင်ရွက်မည့် စီမံခန့်ခွဲမှု အစီအစဉ် များ ရေးဆွဲအကောင်အထည်ဖော်ရန်
နိုင်ငံတော်အဆင့် ကြီးကြပ်မှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားပြီး
လုပ်ကိုင်ဆောင် ရွက်လျက်ရှိ ကြောင်း သိရသည်။
Credit To >>>ပြည်မြန်မာ News
Wednesday, July 15, 2015
ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ခရီးသွား လုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် JICA နှင့် ပူးပေါင်း ဆောင်ရွက်မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment