Tuesday, July 14, 2015

မန္တလေးတွင် အစိုးရဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများအတွက် တစ်လလျှင် တစ်ကြိမ်သာ ယာဉ်မောင်းလိုင်စင် ပြုလုပ်ပေးတော့မည်


မန္တလေးမြို့တွင် အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများ လုပ်ငန်းခွင်ထိ ခိုက်မှုမရှိဘဲ မော်တော်ယာဉ်မောင်း နှင် ခွင့်လိုင်စင် ရရှိစေရေးအတွက် ၂၀၁၄ ခုနှစ် ဩဂုတ်လမှစတင်၍ တစ်လလျှင်နှစ်ကြိမ် ပြုလုပ်ပေးလျက် ရှိရာ ယခုနှစ်တွင် လာရောက်ပြုလုပ် သူနည်းပါးလာသဖြင့် တစ်လလျှင် တစ် ကြိမ်သာ ပြုလုပ်ပေးတော့ကြောင်း သိရသည်။

အသက် ၁၈ နှစ်ပြည့်ပြီးယာဉ် မောင်းတတ်သူတိုင်း မော်တော်ဆိုင် ကယ်မောင်းနှင်ခွင့် လိုင်စင်ရရှိအောင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ရုံး (မန္တလေး) တွင် လစဉ်ဒုတိယ ပတ်နှင့် စတုတ္ထပတ်တို့တွင် ဥညနှအသစှနမလငခန ဖြင့် နေ့ချင်းပြီးဆောင် ရွက်ပေးလျက်ရှိရာ ယာဉ်မောင်းဖြေ ဆိုသူနည်းပါးလာခြင်းကြောင့် တစ်လ လျှင် တစ်ကြိမ်သာပြုလုပ်ပေးခြင်း ဖြစ်သည်။
မော်တော်ယာဉ်မောင်းနှင်ခွင့် လိုင်စင်ရရှိနိုင်ရန် လျှောက်ထားရာတွင် ဝန်ထမ်းကတ်(မူရင်းနှင့်မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ်(မူရင်းနှင့် မိတ္တူ)၊ လိုင်စင်ဓာတ်ပုံ(နောက်ခံအပြာ) ခြောက်ပုံ၊ ဌာနဆိုင်ရာဝန်ထမ်း(သို့ မဟုတ်) ကုမ္ပဏီဝန်ထမ်းဖြစ်ကြောင်း ဌာနအကြီးအကဲ ရာထူးတံဆိပ်ပါ လက်မှတ်နှင့်ထောက်ခံချက် ပါရှိရန် လိုအပ်မည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး (မန္တလေး) မှ သိရသည်။
Credit to: Democracy Today 

0 comments:

Post a Comment