နှစ် ၁၀၀ ပြည့်တော့မည့် ချင်းချောင်းနန်းတော်(ကမ္ဘောဇ ရိပ်သာ) အဆောက်အအုံကို ယဉ်ကျေးမှုအမွေ အနှစ်ဒေသများ ကာကွယ်ထိန်းသိမ်း ရေး ဥပဒေပုဒ်မ ၃ဝ(ခ)အရ ယဉ် ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာ ဇုန်(Ancient Monumental Zone) အဖြစ်သတ်မှတ်၍ ထိန်းသိမ်း စောင့်ရှောက်ရန်ဆောင်ရွက်သတ်မှတ်လိုက်ပြီဖြစ်သည်။
ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်း အမှတ်(၁၃၁) ရှိ အမြင့်ပေ ၁၂၀အမြင့်ရှိ ငါးထပ် ရှိသည့် ချင်းချောင်းနန်းတော်ကို ၁၉၁၅ခုနှစ်တွင် တရုတ်သူဌေးကြီး လင်ချင်းချောင်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ အတွင်းဘက်မှာတော့ နာမည်ကြီးအင်္ဂလိပ်ပန်းချီဆရာများ၏ လက်များဖြင့် ချယ်မှုန်းထားသည်။ယခုအခါ ကိုလိုနီခေတ်၏ ရှားပါးလှသောလက်ရာ တစ်ခုဖြစ်သည့် ချင်းချောင်းနန်းတော်ကို ပုဂ္ဂလိကသို့ ငှားရမ်းခြင်းမပြုပဲ ဌာနကသာ ဆက်လက်ထိန်းသိမ်းတော့မည်ဖြစ်သည်ဟု သိရသည်။
Credit to : ပြည်မြန်မာ
Tuesday, July 14, 2015
ချင်းချောင်းနန်းတော်ကို Ancient Monumental Zone အဖြစ် တရားဝင်သတ်မှတ်လိုက်ပြီ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment