ကျောက်ဖြူ-ကူမင်းရ ထားလမ်းစီမံကိန်း ရပ်ဆိုင်းခဲ့ရ သည့် ဒေသခံပြည်သူများ၏ သ ဘောဆန္ဒဟု မထင်မြင်၊ မယူဆ ကြောင်း၊ တရုတ်အစိုးရအနေဖြင့် စီမံကိန်းဆက်လက်အကောင်အ ထည်ဖော်ရန် အသင့်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်မစ္စတာယန်ဟို့လန်က ဆို သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်မစ္စတာယန်ဟို့လန်က ဒေသခံပြည်သူများ အနေဖြင့် ရထားလမ်းစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မည်ဟု မထင်မြင်ဘဲ ယင်းကိစ္စကို ထပ်မံဆွေးနွေးရန်လိုအပ်ကြောင်း သတင်းထောက်များ အားပြောသည်။
‘‘ရထားလမ်းနဲ့ ကားလမ်းစီ မံကိန်းနေရာကို ကျွန်တော်ကိုယ် တိုင်ရောက်ရှိခဲ့ပါတယ်။ ကား လမ်းနဲ့ ရထားလမ်းစီမံကိန်းကို ဆန့်ကျင်တာမကြားဖူးပါဘူး။ တ ချို့ကျတော့ အိမ်ပြောင်းရွှေ့ရတဲ့ ကိစ္စနဲ့ ဆန့်ကျင်တာရှိပါတယ်။ ဒါ ပေမဲ့ရထားလမ်း၊ ကားလမ်းစီမံ ကိန်းကို ဆန့်ကျင်တာမဟုတ်ပါ ဘူး။ မြန်မာနိုင်ငံမှာ ပြည်သူလူထု က ရထားလမ်းစီမံကိန်းကို တ ကယ်ဆန့်ကျင်သလားဆိုတာ မိတ်ဆွေများက ဆွေးနွေးဖို့လိုပါ တယ်’’ဟု တရုတ်သံအမတ် မစ္စတာယန်ဟို့လန်က ၎င်း၏နေအိမ် တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ဒေသခံပြည်သူလူထုများက ရထားလမ်းစီမံကိန်းကို ထောက် ခံနေသည်ဟု ၎င်းအနေဖြင့် ထင် မြင်ပြီး လူတစ်စု၏လှုံ့ဆော်မှု ကြောင့် ဆန့်ကျင်ကန့်ကွက်သော သတင်းထွက်ပေါ်၍ စီမံကိန်းရပ် ဆိုင်းရခြင်းဟု ထင်မြင်ယူဆ ကြောင်း ၎င်းကဆိုသည်။
‘‘တချို့ဒေသခံပြည်သူလူထု များကို ကျွန်တော်ပြောခဲ့ပါတယ်။ များသောအားဖြင့် ပြည်သူလူထု က ဒီစီမံကိန်းကိုထောက်ခံပါ တယ်။ ဒါပေမဲ့ ကျွန်တော်သတင်း စာဖတ်ရတယ်။ ဒေသခံပြည်သူ လူထုက ဒီစီမံကိန်းကိုဆန့်ကျင် တယ်လို့ အစိုးရအရာရှိကပြော တယ်။ မီဒီယာမိတ်ဆွေများကဒီ ကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ် အောင်ဆောင်ရွက်သွားဖို့ပါ’’ ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
တရုတ်-မြန်မာရထားလမ်း နှင့် ကားလမ်းတည်ဆောက်ရေးစီ မံကိန်းအတွက် တရုတ်နိုင်ငံက ဒီ ဇိုင်းရေးဆွဲထားပြီး နည်ပညာနှင့် ငွေကြေးကုန်ကျမှုကို ပူပန်ရန်မ လိုဘဲ မြန်မာအစိုးရနှင့် ပြည်သူလူ ထု၏ သဘောထားပေါ်တွင် မူ တည်ကြောင်း တရုတ်သံအမတ် ကဆိုသည်။
အမေရိကန်ဒေါ်လာသန်း နှစ်သောင်း (ဘီလီယံနှစ်ဆယ်)ရင်းနှီးမြှုပ်နှံမည့် ရထားလမ်းနှင့် ကားလမ်းစီမံကိန်းကို ၂၀၁၁ခုနှစ် က ပူးပေါင်းဆောင်ရွက်ရေးနား လည်မှုစာချွန်လွှာလက်မှတ်ရေး ထိုးခဲ့ပြီး သုံးနှစ်အတွင်းလုပ်ငန်းစ တင်ရန် သတ်မှတ်ခဲ့သော်လည်း ယခုအခါ စာချုပ်သက်တမ်းကုန် ဆုံးပြီဖြစ်သည်။
အဆိုပါစီမံကိန်း၏ နားလည်မှုစာချွန်လွှာသက်တမ်း ကုန်ဆုံး ပြီဖြစ်သလို ပြည်သူလူထုနှင့် အ ဖွဲ့အစည်းများက လက်ခံခြင်းမရှိ သည့်အတွက် အကောင်အထည် ဖော်မည်မဟုတ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာန တာဝန် ရှိသူက ဇူလိုင် ၁၈ ရက်တွင်ပြော ကြောင်း Eleven Media တွင် ဖော်ပြခဲ့သည်။
ပြည်သူအများစု၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအ ဖွဲ့များ၊ တက်ကြွလှုပ်ရှားသူများ က အဆိုပါစီမံကိန်းတည်ဆောက် မည်ကို မလိုလားကြပေ။
7 Day Daily


0 comments:
Post a Comment