ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်ရ ကာတာနိုင်ငံအခြေစိုက် အူရီးဒူးကုမ္ပဏီ၏ ဆင်းမ်ကတ်များကိုလာမည့် သြဂုတ်လတတိယအပတ်အတွင်းစတင်ရောင်းချမည်ဟု ကုမ္ပဏီ၏ ပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုက မဇ္ဈိမကိုဇူလိုင် ၂၃ ရက်တွင် ပြောသည်။
စမ်းသပ် အသုံးပြုနိုင်မည့် ဆင်းမ်ကတ်များကို ရန်ကုန်နှင့် မန္တလေးတွင် ဇူလိုင်၂၂ ရက်နှင့် ၂၃ ရက်များတွင် အရောင်း ကိုယ်စားလှယ် များကို ချထား ပေးခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဖြန့်ဝေ ပေးရာတွင် ဆင်းမ်ကတ် အတွင်း ငွေကျပ် ၂၅၀၀၀ ဖြည့်ထားပြီး အူရီးဒူး ဆင်းမ်ကတ် အချင်းချင်းသာ အ၀င်အ ထွက် ပြောဆို နိုင်ကာ မြန်မာ့ ဆက်သွယ်ရေးမှ ချထားပေးသော ဂျီအက်စ်အမ် များထံမှ အ၀င် ခေါ်ဆိုခြင်းနှင့် မက်ဆေ့(စာတို) ပို့နိုင်သည်ဟု မန္တလေးမြို့မှ အူရီးဒူး ဆင်းမ်ကတ် သုံးစွဲနေသူ အရောင်း ကိုယ်စားလှယ် တစ်ဦးက မဇ္ဈိမကို ပြောသည်။
စီဒီအမ်အေ ဖုန်းများနှင့်မူ ဆက်သွယ် ဆောင်ရွက်နိုင်ခြင်း မရှိဟုလည်း ၎င်းကဆိုသည်။ လက်ရှိတွင် ဖုန်းပြောဆိုခ များအတွက် ငွေကြေး ဖြတ်တောက်ခြင်း မရှိသေးပေ။ အူရီးဒူးဖုန်း ဆင်းမ်ကတ်များကို အသုံးပြု နိုင်ရန်အတွက် Activate ပြုလုပ်ရန်လိုအပ်မည်ဖြစ်ပြီး ပြုလုပ်ပုံနှင့်ပတ်သက်ပြီးအရောင်း ကိုယ်စားလှယ်ဆိုင် QPS မိုဘိုင်း၏ ဆော့ဖ်ဝဲလ်ပညာရှင် ကိုမျိုးမင်းဟန်က “ဟန်းဆက်ထဲမှာ အူရီးဒူးရဲ့ ဆော့ဖ်ဝဲလ် နှစ်မျိုးပါတယ်။ Scan ဖတ်တာနဲ့ အူရီးဒူးရဲ့ App ပါ။ App ထဲဝင်ပြီး Wifi ချိတ်ပြီး ပါတနာ လုပ်ထားတဲ့သူရဲ့ မှတ်ပုံတင် နံပါတ်ကို ထည့်ပေး ရတယ်။ နာမည် ပေါ်လာရင် ရွေးပြီး နောက်တစ်ဆင့်က ဆင်းမ်ကတ် ဘူးမှာပါတဲ့ နံပါတ်ကို ကင်မရာနဲ့ ချိန်ထားရင် Scan ဖတ်ပြီး ထည့်သွားတယ်။ Activate လုပ်ပြီးရင် လိုင်းတက်သွားပါပြီ။ အခြားဟန်းဆက်မှာ သုံးချင်တယ်ဆို ရင်အဲ့ဒီ ဟန်းဆက်မှာ Activate လုပ်ပြီးသုံးရမယ်”ဟု ပြောသည်။ အစမ်း အသုံးပြုရန် ချထား ပေးသည့် အူရီးဒူး ဖုန်းများသည် ၀၉၉၇ နှင့် စသည့် ဆင်းမ်ကတ်များ ဖြစ်ပြီး ဂဏန်း ၁၀ လုံး ပါဝင်သည်ဟု ကိုမျိုးမင်းဟန်က ဆိုသည်။
ဆင်းမ်ကတ်များ စမ်းသပ်သုံးနိုင်ခြင်းနှင့် ပတ်သက်ပြီးToday Mobile က အုပ်ချုပ်မှု ဒါရိုက်တာ ဦးနေလင်းထွန်း ကလည်း“ရောင်းဖို့ မဟုတ်ပါဘူး။ ဆိုင်အ တွက် ခြောက် ကတ် ပေးလိုက်ပါတယ်”ဟု မဇ္ဈိမကို ပြောသည် ဆက်သွယ်ရေး လိုင်စင်ရ အူရီးဒူးက မိုဘိုင်းဆင်းမ်ကတ်ကို ကျပ် ၁၅၀၀ ဖြင့်ရောင်းချ ပေး သွားမည် ဖြစ်ပြီး ဖုန်းပြောဆိုခကို ဆင်းမ်ကတ်များ စတင်ချထား ပေးနိုင်သည့် အချိန်မှ တရားဝင် ထုတ်ဖော် ပြောကြား သွားမည်ဟု ကြေငြာ ထားသည် အူရီးဒူး ကုမ္ပဏီ၏ ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် လိုင်စင်ကို ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီ ၃၀ တွင် ရရှိခဲ့ခြင်း ဖြစ်ကာ အဆိုပါ လိုင်စင်မှာ ဖေဖော်ဝါရီ ၅ ရက်တွင် စတင် အသက်ဝင်ပြီ ဖြစ်သည်။အူရီးဒူးက မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှု အတွက် တာဝါတိုင်များ တည်ဆောက် ရာတွင် Digicel ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ကိုင် သွားမည် ဖြစ်ပြီး အခြား ဆက်သွယ်ရေး စက်ပစ္စည်း များနှင့် နည်းပညာ ပိုင်းအတွက် Ericsson ကုမ္ပဏီနှင့် ချိတ်ဆက် လုပ်ကိုင် သွားမည် ဖြစ်သည်။
Mizzima

0 comments:
Post a Comment