ငါက လူတစ်မျိုး မဟုတ်ပါဘူး
ငါက ပွင့်ပွင့်လင်းလင်းမပြောတတ်သလို ပြတ်ပြတ်သားသားလည်းမလုပ်တတ်ဘူး
ငါမပါရင် ပွဲစည်တယ်
ငါက ရှုပ်ရှုပ်ရှက်ရှက်တွေ ကြိုက်တယ်
ငါက အသက်ထက်အရှက်ကို တန်ဖိုးပိုမထားဘူး
ငါ့အနုပညာကို ထိချင်ထိ ငါ့မထိပြီးရော
ငါနဲ့သူတို့ တူပါတယ်
ကျန်တာတွေအကုန် သည်းမခံနိုင်ပေမယ့် ဒီတစ်ခုတော့သည်းခံနိုင်တယ်
ငါ ဒါမျိုးတွေ သောက်တတ်ပါတယ်
ငါ့ကိုယ်ငါထက် ငါ့မိသားစုကို ပိုအလေးမထားနိုင်ဘူး
တိုင်းပြည်နဲ့လူမျိုးကို လာထိရင် မီးမပွင့်ဘူး
ဒီအသက်အရွယ်ထိ သမာအာဇီဝနဲ့စားသောက်နေထိုင်လာတာကို ဂုဏ်မယူနိုင်ဘူး
ငါသူ့ကိုမချစ်ရင်တောင် သူငါ့ကို ချစ်နေဖို့ ပိုအရေးကြီးတယ်
ငါ မိတ်ဆွေသူငယ်ချင်းတွေကို အတွင်းမှာရော အပြင်မှာရော တကယ်မခင်ပါဘူး
ငါဟာ ဘာသာတရားကို မိရိုးဖလာကိုးကွယ်သူပါ
ငါ ထမင်းအငတ်မခံနိုင်ဘူး ဒါကြောင့် ငါ့ဝါသနာကိုစွန့်လွှတ်တယ်
ကိုယ်မှန်နေရင် မပြီးပါဘူး
ပတ်ဝန်းကျင်က ဘာပြောပြောစောက်ဂရုစိုက်တယ်
ခံယူချက်လည်းမရှိဘူး စိတ်ဓါတ်လည်းမရှိဘူး
လိပ်ပြာလည်းမသန့်ဘူး
ပြီးတော့ ဒီကိစ္စမှာ ငါတာဝန်မယူနိုင်ဘူး
ယောက်ျားချင်းပဲ ပေါ်တင်မဖြေရှင်းပါနဲ့
သွေးအပြည့်မရှိပါဘူး
ဇမရှိပါဘူး
ရင်မဆိုင်ရဲဘူး
ငါ့ကို ဒီလိုလာလုပ်လို့ ရတယ် ။ ။
Trend Myanmar

0 comments:
Post a Comment