ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ရှေးဟောင်းစေတီတစ်ဆူတွင် ရွှေသင်္ကန်းကပ်လှူရန် ပြင်ဆင်နေစဉ် ထီးတော်အောက်ဘက်မှ နှစ်ရက်တိုင် ရေများ အလိုအလျောက် ပန်းထွက်နေသောကြောင့် အနီးပတ်ဝန်း ကျင်ရှိ ဒေသများမှ လူဦးရေငါးရာခန့် လာရောက်ဖူးမြော်ကာ ယင်းရေများကို ရေမန်းအဖြစ် သယ်ဆောင်နေ ကြကြောင်း အဆိုပါဒေသမှ ဒေသခံများကပြောသည်။
““ဘာကြောင့် အခုလို ရေတွေထွက်နေတာလဲဆိုတာ ဘုန်းကြီးတို့မသိပါဘူး။ ဟိုအရင်ကလည်း မဖြစ်ဖူး ပါဘူး။ ဖြစ်စဉ်ကို လာလေ့လာတဲ့သူတွေကတော့များတယ်””ဟု ယင်းစေတီတော်တည်ထား သည့်ကျောင်းမှ ဆရာတော် ဦးသုမနကမိန့်ကြားသည်။
အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ စိတ်ဝင်စားသူများ လာရောက်ဖူးမြော်ခဲ့ကြသလို ဒီဇင်ဘာ ၅ ရက်တွင်မူ အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များမှပါ လာရောက်ဖူးမြော်ခဲ့ကြကာ ပန်းထွက်နေသည့်ရေများကို ရေမန်းအဖြစ် သယ်ဆောင်သွားကြကြောင်း ယင်းဒေသမှ ဒေသခံတစ်ဦးက ပြောသည်။
““ရဲတပ်ဖွဲ့ဝင်တွေက ရေတွေကို ရေဘူးနဲ့ခံပေးတယ်။ တစ်ဘူးကို နှစ်မိနစ်လောက်တော့ စောင့်ရတယ်။ ဘုရားဖူးတွေကတော့ အခုအချိန်အထိ လူတစ်ရာ့ငါးဆယ်လောက် ရှိတုန်းပဲ””ဟု ယင်းဒေသမှ ဒေသခံ တစ်ဦးက ဒီဇင်ဘာ ၅ ရက်ညတွင် ပြောသည်။
စေတီတော်သည် ဉာဏ်တော်အမြင့် ၂၇ တောင်ခန့် မြင့်ပြီး ဉာဏ်တော်အတောင် ၂၀ ခန့် နေရာစေ တီတော်၏ ထီးတော်အောက်ဘက် ဖောင်းရစ်အနီးရှိ လက်မ၀က်ခန့်အပေါက်မှ ရေများပန်း ထွက်နေခြင်းဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။
ဒီဇင်ဘာလ၅ ရက် နံနက်ကလည်း ကြို့ပင်ကောက်မြို့နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက် ဖူးမြော်ခဲ့ကာ ယင်းကိစ္စနှင့်ပတ်သက်၍မူ မှတ်ချက်တစ်စုံတစ်ရာမပြောကြားခဲ့ကြောင်း ဒေသခံ တစ်ဦး ကပြောသည်။
မြေလွှာထုအောက်တွင်ရှိသော ရေကြောနှင့် ဆက်စပ်နေသည့် ကျောက်လွှာများ အက်ကွဲရာလမ်း အတိုင်း ရေစိမ့်တတ်သောသဘာဝရှိပြီး စေတီပုထိုးများနှင့်ပတ်သက်၍ ဖြစ်လေ့ရှိသော သဘာဝလွန်ဖြစ်ရပ် ဆန်းများကိုမူ မှတ်ချက်မပေးလိုကြောင်း ဘူမိဗေဒပညာရှင် ဦးကျော်ထွန်းကပြောသည်။
7day Daily
0 comments:
Post a Comment