Monday, November 4, 2013

Samsung နှင့် Google ကို အင်အားကြီးနည်းပညာလုပ်ငန်းများ တရားစွဲဆို

Rockstar Consortium ဟု လူသိများထင်ရှားသည့် အင်အားကြီးနည်းပညာလုပ်ငန်းစုတစ်ခုမှာ Google, Samsung, HTC နှင့် အခြားသောနည်းပညာလုပ်ငန်းများအား မိုဘိုင်းဖုန်းမူပိုင်ခွင့်အား ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားသည်။

Apple, Microsoft, Blackberry, Ericsson နှင့် Sony တို့က ပူးတွဲပိုင်ဆိုင်သည့် Rockstar မှ အဓိကပြိုင် ဘက်ဖြစ်သည့် Google Android စနစ်သုံးဖုန်း ထုတ်လုပ်သူများအား အဓိကထားကာ ယခုကဲ့သို့တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။

Rockstar ၏ တရားစွဲဆိုမှုတွင် Google အနေဖြင့် ပတ်သက်ဆက်နွှယ်သောကြော်ငြာများအား အင်တာ နက်မှတစ်ဆင့် ရှာဖွေသည့်နည်းလမ်းများနှင့် ဆက်စပ်သည့် မူပိုင်ခွင့်ခုနစ်ခုအား ချိုးဖောက်ထားသည်ဟု ဖော်ပြထားသည်။

ယခုကဲ့သို့သော တရားစွဲဆိုမှုမှာ ကမ္ဘာအနှံ့ဖြစ်ပွားနေသော မိုဘိုင်းဖုန်း မူပိုင်ခွင့်အပေါ် အငြင်းပွားသည့် နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်။ အမြတ်အစွန်းများများစားစားရသည့် စမတ်ဖုန်း တက်ဘလက်နှင့် ဂိမ်း ဈေးကွက်အား လွှမ်းမိုးနိုင်ရန်အတွက် ကြိုးပမ်းနေခြင်းကြောင့် ၎င်းဖြစ်ရပ်များ ပေါ်ပေါက်နေရခြင်းဖြစ် သည်။

၂၀၁၃ ခုနှစ်၏ တတိယလေးလတာ ကာလပတ်အတွင်း ပို့ဆောင်ခဲ့သည့် စမတ်ဖုန်းပမာဏ၏ ၈၁ ဒသမ ၃ ရာခိုင်နှုန်းမှာ Android စနစ်သုံး စမတ်ဖုန်းများဖြစ်သည်ဟု မဟာဗျူဟာလေ့လာဆန်းစစ်ရေး လုပ်ငန်း တစ်ခု၏ သုတေသန ဆောင်ရွက်မှုတစ်ခုတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် ios စနစ်သုံး Apple မှာ ၁၃ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး Windows ဖုန်းများမှာမူ ၄ ဒသမ ၁ ရာခိုင်နှုန်းသာရှိခဲ့သည်။

ယခုသီတင်းပတ်တွင် Microsoft မှဝယ်ယူလိုက်သည့် Nokia မိုဘိုင်းဖုန်း မူပိုင်ခွင့် အငြင်းပွားမှုတစ်ခုတွင် ထိုင်ဝမ် အခြေစိုက်ကုမ္ပဏီ HTC အား Microsoft မှ အနိုင်ရရှိခဲ့သည့်အတွက် HTC အနေဖြင့် ယူကေနိုင် ငံသို့ ၎င်း၏စမတ်ဖုန်းများ တင်ပို့ခွင့်အား ပိတ်ပင်ခံခဲ့ရသည်။

ယခုနှစ် အောက်တိုဘာလအစောပိုင်းတွင်လည်း Samsung မှာ ၎င်းအပေါ် မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားသည်ကို ငါးနှစ်မျှ ဆိုင်းငံ့ပေးရန် အဓိကပြိုင်ဘက်များအား တောင်းဆိုခဲ့ရသည်။

Samsung အနေဖြင့် ဥရောပ၏ ယုံကြည်မှုဆန့်ကျင်မှုဥပဒေအား ချိုးဖောက်သည်ကို တွေ့ရှိခဲ့ရပါက ကန်ဒေါ်လာ ၁၈ ဒသမ ၃ ဘီလီယံခန့် လျော်ရနိုင်ချေရှိသည်။

Google မှ ၀ယ်ယူခဲ့သည့် Mortorola Mobility အနေဖြင့်လည်း ပြိုင်ဆိုင်မှုဆန့်ကျင်သည့်ဆောင်ရွက်မှု များအား ကျူးလွန်ထားသည်အား တွေ့ရှိရပါက ကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းခန့် ကုန်ကျရဖွယ်ရှိသည်။
Mizzima

0 comments:

Post a Comment