မှောင်ခိုတင်သွင်းမှု ရှိနေသော စက်သုံးဆီကိုသက်သေဖြင့် ဖမ်းမမိနိုင် သေး၍
ရှာဖွေတားဆီးရေး အဖွဲ့က နောက်ထပ် နည်းလမ်းတစ်မျိုးကို အသုံး ပြုနေရသည်ဟု
ရန်ကုန် မှောင်ခိုတား ဆီးရေးအဖွဲ့ထံမှ သိရသည်။
အပြည်ပြည်ဆိုင်ရာ
ဆိပ်ကမ်းများသို့ ဝင်ရောက်မစစ်ဆေးမီ ပြုလုပ်သော စက်သုံးဆီ ရှာဖွေရေး
တားဆီးရေးအဖွဲ့ သည် ရန်ကုန်သီလဝါ ပင်လယ်ဝ၌ အထိုင်အဖွဲ့တစ် ခု ထားကာ
နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်စစ်ဆေးနေသော်လည်း မတွေ့၍ ၄င်းနည်းလမ်းအပြင်
နောက်ထပ်နည်းလမ်းကို အသုံးပြုရ ခြင်း ဖြစ်သည်ဟု စီးပွား/ ကူးသန်း ဒုတိ ယ
ညွှန်ချုပ် ဦးညွန့်အောင်က ဆိုသည်။”မှောင်ခိုရှိနေခဲ့တဲ့ ကိစ္စက အခု မရှိဘူးဆိုတော့ မဟုတ်သေးဘူးလေ။ ဒါ့ ကြောင့် အသေးစိတ် ထပ်ရှာနေတယ်၊ အခု မတွေ့တာက မလုပ်ရဲသေးတာလို့ပဲ မြင်တယ်” ဟု ၄င်းကပြောသည်။
အထိုင်အဖွဲ့အပြင် သင်္ဘောဖြင့်ရေ ယာဉ်များကို ရှောင်တခင်စစ်ဆေးနေမှု ကိုလည်း ပြီးခဲ့သော ၄ရက်ခန့်က စတင် နေပြီဖြစ်ကြောင်း ၄င်းထံမှ သိရသည်။
သို့သော်ရာသီဥတုပြင်းထန်၍လှိုင်း လေများရှိသဖြင့် ထိုအဖွဲ့သည်ယာယီ ရပ်နားနေရပြီး မကြာမီ ရက်ပိုင်းမှ ပြန် လည်စတင်နိုင်မည်ဟုလည်း ၄င်းအဖွဲ့ ထံမှ သိရသည်။ တရားမဝင် မှောင်ခိုမှု တို့ကြောင့် နိုင်ငံ၏ ကုန်သွယ်မှုပမာဏ ကို ထိခိုက်ကျဆင်းလာသည်အထိ ဖြစ် လာ၍ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ တွင် မြဝတီနှင့်မူဆယ် ၌ မှောင်ခို တားဆီးရေး ကို အစိုးရက ဗဟိုအဖွဲ့ဖွဲ့ကာထိရောက် သောဖမ်း ဆီးစစ်ဆေးမှုတို့ ပြုလုပ်ခဲ့သည်။
ယခု စက်သုံးဆီ စစ်ဆေးမှု၌ ရေ ကြောင်းရဲ၊ စီးပွား/ကူးသန်း၊ ဆိပ်ကမ်း အာဏာပိုင်၊ အကောက်ခွန် စသည်တို့ ပါဝင်သည်။
Popular Myanmar News Journa
0 comments:
Post a Comment