Friday, December 20, 2013

ရန်ကုန်ဗုံးဖောက်ခွဲမှုသံသယရှိသူစောနေတိုး ကို လာရောက်အစစ်ခံရန်ဆင့်ခေါ်

ရန်ကုန်မြို့ပေါ်ရှိ ကုန်သည် ကြီးများဟိုတယ်နှင့် စားသောက် ဆိုင်တချို့တို့တွင် အောက်တိုဘာလ ဆန်းကဖြစ်ပွားခဲ့သော ဗုံးပေါက် ကွဲမှုများနှင့်ပတ်သက်ပြီး ဗုံးဖောက် ခွဲသူဟု သံသယရှိသူ စောနေတိုး ကို လာရောက်အစစ်ဆေးခံရန် ကြေးနန်းရိုက်ပြီးခေါ်ထားဆဲဖြစ် ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က ပြည်ထောင်စု နေ့စဉ်သို့ပြောသည်။

အဆိုပါဗုံးပေါက်ကွဲမှုများ ဖြစ် ပွားခဲ့ခြင်းတွင် KNU ၏ မြို့နယ် အဆင့်စီးပွားရေးတာဝန်ခံစောနေတိုး (ခေါ်)စောရွှေထူး ပါဝင်ကြောင်း သံသယရှိခဲ့သဖြင့် KNU မှ စုံစမ်း ရေးကော်မရှင်ကို နိုဝင်ဘာ ၂၅ ရက်တွင်ဖွဲ့စည်းကာ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

ယင်းစုံစမ်းရေးကော်မရှင်က တရားခံဟုသံသယရှိသူစောနေတိုး ကို ကော်မရှင်ထံသို့ လာရောက် အစစ်ဆေးခံရန်ကြးနန်းရိုက်ပြီး ခေါ်နေကြောင်း၊ လက်ရှိတွင် ဆက် သွယ်မလာသေးကြောင်းသိရသည်။

'' စောနေတိုး အခုရှိတာက KNU တပ်မဟာ(၅)မှာပါ။ အဖွဲ့ အစည်းရဲ့ထုံးစံအရတော့ ဒီလို ပြဿနာရှိထားတဲ့ သူဆိုတော့ တာဝန်ကယာယီရပ်ဆိုင်းထားတာ ပေါ့'' ဟု လက်ရှိတရားခံဟု သံသယရှိ
သူစောနေတိုး၏ တည် နေရာနှင့်ပတ်သက်ပြီးသိရှိကြောင်း ကိုလည်း ဖဒိုမန်းငြိမ်းမောင်က အတည်ပြုပြောကြားခဲ့သည်။

အဆိုပါတရားခံဟု သံသယရှိ သူစောနေတိုးကလာရောက်အစစ်ဆးခံမှသာ ဖြစ်စဉ်များကို ဆက် စပ်ကြည့်နိုင်မည်ဖြစ်ပြီး အစိုးရနှင့် KNU ပူးပေါင်းကာဖော်ထုတ်သွား မည်ဟုလည်း ဖြစ်စဉ်များဖြစ်ပွား ပြီးစက ပြောကြားခဲ့ကြသည်။

The Union Daily

0 comments:

Post a Comment