Monday, November 4, 2013

Miss Universe 2013 ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၆ဝ ကျော်မှ ပရိသတ် တစ်ဘီလီယံခန့် ကြည့်ရှုဖွယ်ရှိ

Miss Universe 2013 ပြိုင်ပွဲကြီးကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၆ဝ ကျော်မှ ပရိသတ် တစ်ဘီလီယံခန့် ကြည့်ရှု နိုင်ကြောင်း ရုရှားနိုင်ငံ သတင်းဌာန တစ်ခု၏ ခန့်မှန်းချက်အရ သိရသည်။

Miss Universe 2013 ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲအတွက် လိုအပ်သည့် ညရှုခင်း ဓာတ်ပုံ၊ ဗီဒီယိုရိုက် ကူးခြင်းနှင့် မကြာမီ နောက်ဆုံးယှဉ်ပြိုင်ရတော့မည့် နောက်ဆုံးအဆင့် Show ပွဲများ အတွက် ကြိုတင် ပြင်ဆင် လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ ထို့အတူ ပြိုင်ပွဲဝင်များသည် Atlant Moscoco အသင်းနှင့် Lev Prague အသင်းတို့ ယှဉ်ပြိုင် ကစားသည့် ဟော်ကီကစားပွဲ ကြည့်ရှု အားပေးခဲ့ကြပြီး အကောင်းဆုံး ဆုရရှိသည့် ဟော်ကီ အားကစားသမားများကို ဆုချီးမြှင့်ခြင်းနှင့် လာရောက် အားပေးသည့် ပရိသတ်များကို အမှတ်တရ လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ

0 comments:

Post a Comment