မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ကချင်ဒေသခံများက ကြိုဆိုနေစဉ်
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲရလဒ်ကို အစိုးရ၏
ငြိမ်းချမ်းရေး ကိုယ်စား လှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်
ခေါင်းဆောင်များ ညှိနှိုင်းမည့် မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို
နိုဝင်ဘာ ၄ ရက် (ယနေ့) တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနား ဆွေးနွေးပွဲသို့ တက်ရောက်မည့် တိုင်းရင်းသား လက်နက်ကိုင်
ခေါင်းဆောင်များ စာရင်းအတိ အကျကို မသိရှိရသော်လည်း အများစု
သွားရောက်မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိ ကောင်စီဝင်
ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက နိုဝင်ဘာ ၂ ရက် ညပိုင်းက ပြောကြား သည်။
လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ၎
ရက်ကြာ ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး
စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်ကို
ရေးဆွဲထုတ်ပြန် နိုင်ခဲ့သည့်အပြင် ထိုသဘောတူညီချက်အား ဆက်လက် အကောင်အထည်
ဖော်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး
အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။
အဖွဲ့ဝင် ၁၃ ဦး ပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့သည် မြစ်ကြီးနား မြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်
အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ပထမဆုံး
တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် တိုင်းရင်းသား
လက်နက်ကိုင်များ၏ ဘုံသဘောတူညီ ချက်အား ရှင်းလင်းမည်ဖြစ်သည်။
အချက် ၁၁ ချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏
ဘုံသဘောတူညီချက်ကို တရားဝင် ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ အစိုးရနှင့်
ညှိနှိုင်းဆွေးနွေးပြီး မူကြမ်းတစ်ရပ်ကို အသေးစိတ် ရေးဆွဲရန် စီစဉ်ထား
ကြောင်းနှင့် ပါဝင်သော အချက်များထဲတွင် နိုင်ငံရေး ဆွေးနွေးပွဲအတွက်
အစိုးရဘက်က သဘောတူညီ ချက်ရရှိမှ ဒုတိယအဆင့် အနေဖြင့် အပစ်အခတ် ရပ်စဲရေးကို
လက်မှတ်ရေးထိုးရန် ပြင်ဆင်ထားသည့် အချက်သည် အရေးကြီးကြောင်း
ဒေါက်တာ ဆလိုင်းလျန်မှုန်း က နိုဝင်ဘာ ၂ ရက် ညပိုင်းတွင် ပြုလုပ်သော သတင်းစာ
ရှင်းလင်းပွဲ၌ ပြန်လည်ဖြေကြားသည်။
"နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်စဉ်ထဲမှာ ကျွန်တော်တို့ အနေနဲ့
မူသစ်တစ်နည်း အားဖြင့် ပြောမယ်ဆိုရင် နိုင်ငံရေး roadmap အသစ် ထပ်ပြီးတော့
ပြင်လိုက်ပါတယ်။ အဲဒါ ခြောက်ချက် ပါပါတယ်။ ဟိုတုန်းကတော့ တစ်နိုင်ငံလုံး
အပစ်အခတ် ရပ်စဲရေး လုပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးခြင်းဆိုင်ရာ မူဘောင်ကို
ချမှတ်မယ် ဆိုပြီးတော့ ပြောခဲ့တာ ရှိပါတယ်။ သို့သော် အခုညီလာခံကနေ
ကျွန်တော်တို့ စဉ်းစားထားတာက နိုင်ငံရေး မူဘောင်ကို ကျွန်တော်တို့
တွေ့ဆုံဆွေးနွေးရေး Frame work ကို ချမှတ်ပြီးမှ လက်မှတ်ရေးထိုးခြင်းက
ခိုင်လုံမှု ရှိတယ်ပြောဖို့ လုပ်ထားပါတယ်။ နောက်အသွင် ကူးပြောင်းရေး ကာလ၊
တွေ့ဆုံဆွေးနွေးရေး ကာလမှာ ကျွန်တော်တို့ လုပ်ဆောင်ရမယ့် အစီအမံတွေ
ချထားပါတယ်။ အဲဒီမှာ ရှစ်ချက်ကိုးချက် လောက်ပါ။ Humanitarian Aid တွေကို
တိုင်းရင်းသား ဒေသတွေမှာ ရအောင်ဘယ်လိုလုပ်လဲ ဆိုတာတွေ ပါတယ်" ဟု
ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် အပစ်အခတ်
ရပ်စဲရေးနှင့် ပတ်သက် ပြီး တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ
(WGEC) က ရေးဆွဲထားသော မူကြမ်း၊ ညီညွတ် သော တိုင်းရင်းသား လူမျိုးများ
ဖက်ဒရယ်ကောင်စီ (UNFC) က ရေးဆွဲထားသော ဘုံသဘောတူညီချက်၊ ၂၀၁၂ ခုနှစ်
တိုင်းရင်းသား ညီလာခံ၌ ရေးဆွဲထားသော မူကြမ်း၊ ကရင်အမျိုးသား အစည်းအရုံး
(KNU) နှင့် RCSS တို့က တင်ပြခဲ့သော WGEC ၏ မူကြမ်းကို အစိုးရက
ပြင်ဆင်ဖြည့်စွက် ရေးဆွဲထားသော မူကြမ်း များကို ပေါင်းစည်းပြီး
မူကြမ်းတစ်ခု အနေဖြင့် ရေးဆွဲခဲ့သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံ
သဘော တူညီချက်ကို သဘောတူ ညီခဲ့ကြခြင်း ဖြစ်ပါသည်။
ဆွေးနွေးပွဲ ကာလအတွင်း အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ
မည်သည့်အရာကို ဦးစားပေး လုပ်ဆောင်သင့်သည်ဆိုသော အချက်နှင့် ပတ်သက်ပြီး
တိုင်းရင်းသား လက်နက်ကိုင်များအကြား အချေ အတင် ပြောဆိုဆွေးနွေးမှုများ
ရှိခဲ့ပြီး အဆုံးသတ်တွင် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးမှု သည်
ဆက်စပ်ခွဲထား၍ မရသော ကိစ္စဖြစ်ကြောင်း ဘုံသဘောတူညီပြီး ဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို
လက်မှတ်ရေးထိုးရာ၌ တစ်ဖွဲ့ချင်းစီအလိုက် ခွဲထိုးမည် မဟုတ်ဘဲ အဖွဲ့အားလုံး
တစ်ပြိုင်နက်တည်း ရေးထိုးရန် မူချမှတ်ခဲ့ကြောင်း UNFC ၏ အထွေထွေ
အတွင်းရေးမှူး နိုင်ဟံသာက နိုဝင်ဘာ ၂ ရက် ညပိုင်း သတင်းစာ ရှင်းလင်းပွဲတွင်
ပြောကြားသည်။
မြစ်ကြီးနားမြို့တွင် ဆက်လက်ပြုလုပ်မည့် အစိုးရ၏
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် ဆွေးနွေးပွဲကို နိုဝင်ဘာ ၎
ရက်နှင့် ၅ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး တစ်နိုင်ငံလုံး အတိုင်း အတာအရ
အပစ်အခတ် ရပ်စဲရေး စာချုပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကိုသာ အဓိကထား
ဆွေးနွေးသွားဖွယ် ရှိသည်။
Eleven Media Group
0 comments:
Post a Comment