အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းဆွေးနွေးပွဲတစ်ခုကို နေပြည်တော်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကနေ မဟာဗျူဟာစီမံကိန်း စီမံခန့်ခွဲရေးကော်မတီကိုဖွဲ့စည်းပြီး၊ အဲဒီ ကော်မတီကနေ မြန်မာနိုင်ငံမှာကျင့်သုံးမ ယ့် ကျား-မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ဥပဒေမူကြမ်းရေးဆွဲနိုင်ဖို့ အထိ ဆောင်ရွက်မယ်လို့သိရပါတယ်။ ဒါ့အပြင် လူကုန်ကူးမှုပြဿနာကိုလည်း ထည်သွင်းဆွေးနွေးခဲ့တယ်လို့ အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှရေးကွန်ရက်အဖွဲ့ က ဒေါ်မေစပယ်ဖြူကပြောပါတယ်။
ဒီဆွေးနွေးပွဲကနေ မဟာဗျူဟာစီမံကိန်း စီမံခန့်ခွဲရေးကော်မတီကိုဖဲ
“ဒီအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းထဲမှာ အဓိကလုပ်ငန်းနယ်ပယ် ၁၂ ရပ်ပါပါတယ်၊ အဲဒီအထဲမှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုဆိုတာ အဓိကလုပ်ငန်းနယ်ပယ် ဧရိယာတစ်ခုအနေနဲ့ ပါဝင်ပါတယ်၊ အဲဒီလူကုန်ကူးမှုတို့ ဘာတို့ဟာလည်း အမျိုးသမီးတွေကို အကြမ်းဖက်မှု ပုံသဏ္ဍန်တွေအများကြီးထဲက တစ်ခုဖြစ်ပါတယ်၊ အမျိုးသမီးတွေကို အကြမ်းဖက်မှုနဲ့ လူကုန်ကူးခံရမှုတွေကို ကျမတို့က ဒီမဟာဗျူဟာ စီမံကိန်းထဲမှာ အဓိကဆောင်ရွက်ရမယ့် လုပ်ငန်းနယ်ပယ်ကြီးတစ်ရပ်အေ
ကျားမခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ လက်မှတ်ထိုးခဲ့ပေမယ့်၊ လက်တွေ့အကောင်အထည်ဖော်ဖို့ အားနည်းနေသေးတယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ထိုင်း၊ တရုတ်နိုင်ငံတွေ နဲ့လည်း လူကုန်ကူးမှုတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးထားတဲ့အတွက် အမျိုးသမီးငယ်တွေကို အကြမ်းဖက်မှု ကာကွယ်ရေးနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွား ရမှာဖြစ်တယ်လိ
ဒီနေ့ကျင်းပတဲ့အခမ်းအနားကို
RFA Burmese
0 comments:
Post a Comment