Wednesday, May 22, 2013

မြန်မာနဲ့ကန် ကုန်သွယ်ရေးကိစ္စ သဘောတူ လက်မှတ်ထိုး

မြန်မာနဲ့ကန် ကုန်သွယ်ရေးကိစ္စ သဘောတူ လက်မှတ်ထိုး
Wednesday, May 22, 2013

မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန် အမေရိကန်နိုင်ငံကို ရောက်ရှိနေချိန် မှာပဲ မြန်မာနိုင်ငံနဲ့ အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု မူဘောင်သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းနဲ့ အမေရိကန် ကုန်သွယ်ရေးဌာနတို့က သဘောတူ လက်မှတ်ရေးထိုး ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံကြား အပြန်အလှန် ဆွေးနွေးမှု ပိုမိုရရှိဖို့၊ ရင်းနှီးမြုပ်နှံမှု များပြားဖို့နဲ့ မြန်မာပြည်သူတွေအတွက် အကျိုးရှိမယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကြဖို့ ရည်ရွယ်ပြီး သဘောတူကြတာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေအပေါ် အမေရိကန်သမ္မတ ဘားရက်အိုဘားမား က ထောက်ခံ မှုတွေ ပြုပြီးနောက် ခုလို သဘောတူ ညီချက်တွေ ရရှိတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှု၊ တရားဥပဒေစိုးမိုးမှုတွေရှိမှ စီးပွားရေး တိုးတက်ပြောင်းလဲမှုတွေ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံရေးတွေ တိုးတက် လာနိုင်မှာ ဖြစ်တဲ့ အတွက် မြန်မာနိုင် ငံ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ဆက်လက်အားပေးသွားမယ်လို့ အမေရိကန်ကုန်သွယ်ရေး ဌာနက ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ မြန်မာ အစိုးရနဲ့ ဆွေးနွေး ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ် ၃ လပိုင်းအထိ အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံကြား ကုန်သွယ်ရေးတန်ဖိုးက ဒေါ်လာ သန်းပေါင်း ၉၀ ရှိပြီး အဲဒီထဲက အမေရိကန်က မြန်မာနိုင်ငံကို ဒေါ်လာ ၈၉ သန်း တန်ဖိုး တင်ပို့ရောင်းချခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ABC Radio Australia


အိမ်ဖြူတော်မှာတွေ့ဆုံ လက်ဆွဲနှုတ်ဆက်ကြတဲ့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမား

0 comments:

Post a Comment