Wednesday, May 22, 2013

"ဒေါ်အောင်ဆန်းစုကြည် ၏ မှတ်တမ်းရုပ်ရှင် နှင့် ဒါရိုက်တာ မင်းထင် ကိုကိုကြီး ရိုက်ကူးမှု အခြေအနေ"

"ဒေါ်အောင်ဆန်းစုကြည် ၏ မှတ်တမ်းရုပ်ရှင် နှင့် ဒါရိုက်တာ မင်းထင် ကိုကိုကြီး ရိုက်ကူးမှု အခြေအနေ"
Wednesday, May 22, 2013

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ သတင်း မှတ်တမ်း ရုပ်ရှင်ကားကို (၂ဝ၁၃) မေ ၁၄ရက် နေ့က အမှတ် ၅၄ တက္ကသိုလ် ရိပ်သာ လမ်း နေအိမ်တွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး နှင့် အဖွဲ့ က မှတ်တမ်းတင် ရိုက်ကူးကြောင်း သိရပါသည်။

အဆိုပါ နေအိမ် အတွင်းမှာပင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး အနေဖြင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ သတင်း မှတ်တမ်း ရုပ်ရှင်ကားကို ၂ဝ၁၂ ဇူလိုင်မှာလည်း တစ်ခေါက် ရိုက်ကူးခဲ့သေး ကြောင်း သိရပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ရိုက်ကူးမှု အကြောင်း ကို "အခုဟာက အင်တာဗျူး ပဲရိုက်နေတုန်း ရှိသေးတယ်။

"Documentary ဆိုတာ က အင်တာဗျူး တွေကို အရင်ဦးဆုံး ယူရတယ်။ သွားတာ လာတာတွေ၊ တခြားဟာတွေက နောက်မှ ပေါင်းစပ်ရမှာလေ။ နိုင်ငံခြား ခရီးစဉ် တွေ ကအစ ပေါ့။ အခု လောလောဆယ် ကိုယ်ချထားတဲ့ Story လိုင်းထဲ ဝင်အောင်သူ့ဆီက မေးချင်တဲ့ဟာတွေကို မေးနေတုန်းပဲ ရှိသေးတာပါ။ အစပိုင်းပဲ ရှိသေးတယ်။ အခုဟာက ဒုတိယအကြိမ် ရိုက်ကူး ဖြစ်တာပါ။ အန်တီစု မအားတာလည်းပါတယ်။ နိုင်ငံခြား ခရီး စဉ်တွေ၊ လွှတ်တော်ကိစ္စတွေ နဲ့ အလုပ်ရှုပ်နေတာ။ အခုမှပြန်ပြီး အချိန်ပေးတာပါ။

အခုအနေအထားက အချိန်အားဖြင့် သိပ်မကြာလောက်တော့ဘူးလို့ မျှော်လင့်ရတယ်။ ၁ဝကြိမ်လောက် ရိုက်ရမှာကို ယာယီတော့ သဘောတူထားတယ်။ အဲဒီ အချိန်အတွင်း ပြီးဆုံးအောင် ရိုက်ကူး
သွားမှာပါ" ဟု ပြောကြားခဲ့သည်။


Popular Journal

0 comments:

Post a Comment