လူကြီးမင်း၏ ဖုန်းနံပါတ်သည် ၀၉- ၃********* နှင့် စပါက
Hello Music ၀န်ဆောင်မှုကို ယခုပင် စတင်အသုံးပြုနိုင်ပါပြီ။
Hello Music ၀န်ဆောင်မှုဆိုသည်မှာ မိမိထံ ဖုန်းခေါ်နေစဉ်
ဖုန်းခေါ်ဆိုသူမှ ကြားရမည့် Default Ring Tone အစား မိမိနှစ်သက်ရာ
သီချင်းများနှင့် အစားထိုး အသုံးပြုနိုင်သော ၀န်ဆောင်မှုတစ်ခုဖြစ်ပါသည်။
Hello Music ၀န်ဆောင်မှုအား CDMA 800MHz ကွန်ယက်စနစ်သုံး
ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။
###ဘာတွေလုပ်လို့၇သေးလဲ###
ံHello Music Service ကို အသုံးပြုသူများ အနေဖြင့် မိမိတို့၏
ဖုန်းတွင်းသံစဉ်ကို စိတ်ကြိုက်ပြုပြင် ပြောင်းလဲနိုင်ခြင်း၊ သံစဉ်များကို
အခြားသူများအား လက်ဆောင်အဖြစ်ပေးနိုင်ခြင်း၊ သံစဉ်များကို
အချိန်အပိုင်းအခြားအလိုက် စိတ်တိုင်းကျ သတ်မှတ်နိုင်ခြင်း၊
အမှတ်တရ နေ့ထူးနေ့မြတ်များအတွက် သံစဉ်များကို
သီးသန့်သတ်မှတ်နိုင်ခြင်း၊ သံစဉ်ကို တခြားသူမကြားရစေရန် Blacklist
သတ်မှတ်ထားနိုင်ခြင်းများကိုလည်း လုပ်ဆောင်နိုင်ပါသည်။
Hello Music ၀န်ဆောင်မှုမှ ယခုလက်ရှိ ခေတ်စားနေသော
တေးသီးချင်းပေါင်းများစွာကို အမျိုးအစားစုံလင်စွာ ရရှိနိုင်ပါသည်။
မြန်မာသီချင်းများ၊English သီချင်းများ ၊ ကိုရီးယားသီချင်းများ
၊India သီချင်းများ ၊ တိုင်းရင်းသားသီချင်းများ၊ တရုတ်သီချင်းများ
အပြင် မိမိတို့ စိတ်ကြိုက် သီဆိုဖန်တီးထားသော သံစဉ်များကိုလည်း
Upload လုပ်ကာ ဖုန်းသံစဉ်ကို စိတ်တိုင်းကျ သတ်မှတ်နိုင်ရန်
Hello Music မှ ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ပါသည်။
###ဘယ်လောက်ပေးရမလဲ###
ံHello Music (Color Ring Back Tone) Service ကို စတင်မှတ်ပုံတင်
အသုံးပြုချိန်မှစပြီး လူကြီးမင်း၏ ကြိုတင်ငွေဖြည့်ထားသော ဖုန်းအတွင်းမှ
အသုံးပြုနေစဉ် (လစဉ်ကြေး) မြန်မာကျပ်ငွေ ၂၀၀၀/- ကိုပေးသွင်းရပါမည်။
တေးသီချင်းသံစဉ် ၀ယ်ယူ အသုံးပြုခမှာ သံစဉ်တစ်ပုဒ်လျှင်
မြန်မာငွေကျပ် ၃၀၀/- ပေးသွင်းရပါမည်။
မှတ်ချက် - (၁) သံစဉ်ဝယ်ယူခကို လစဉ်ပေးသွင်းစရာ မလိုပါ။
- (၂) သံစဉ်များကို အများဆုံး ၁၀ပုဒ် ၀ယ်ယူနိုင်ပါသည်။
###Hello Music ၀န်ဆောင်မှုကို စတင်စာရင်းသွင်းခြင်း###
(Register) ပြုလုပ်ရန်-
၁။ ၃၃၃သို့ စာလုံးအသေး register ဟူ၍ ရိုက်နှိပ်ပြီး SMS ပေးပို့နိုင်ပါသည်။
၂။ ၃၃၃သို့ ဖုန်းခေါ်ဆို၍ Registerပြုလုပ်ပုံ အဆင့်ဆင့်ကို လိုက်နာဆောင်ရွက်နိုင်ပါသည်။
၃။ Hello Music ၀န်ဆောင်မှု ပြုလုပ်နိုင်သော Mobile phone Sale and
Services Center များနှင့် Mobile Phone ဆိုင်များတွင်လည်း Member Form
ဖြည့်စွက်ကာ စာရင်းသွင်းရယူနိုင်ပါသည်။
စာရင်းသွင်းခြင်းအောင်မြင်ပါက လူကြီးမင်း၏ ဖုန်းထဲသို့
“Your Hello Music subscription request has been accepted.
Your password <777777>. Please change your password”
ဟူ၍ စာတို (Message) တစ်စောင်ရောက်ရှိပါမည်။
Register စာရင်းပေးသွင်းခြင်းအောင်မြင်ပါက Hello Music မှ
သတ်မှတ်ထားသော Default Ring Back Tone သည် သင့်လက်ကိုင်ဖုန်း
၏ Ring Back Tone အဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။
တေးသီချင်း (Ring Back Tone ) များ ၀ယ်ယူရန်၊ နားဆင်ရန်၊
ဦးစားပေးသီးချင်း သတ်မှတ်ရန်၊ လျှို့ဝှက်နံပါတ် (Password) ပြောင်းရန်
အတွက် အောက်ပါ SMS Commeds များကို အသုံးပြုပါ။

0 comments:
Post a Comment