Tuesday, May 21, 2013

ဗဟိုဘဏ်မှ ထပ်မံဈေးတိုး သတ်မှတ်၍ တစ်ဒေါ်လာ ၉၄၈ ကျပ်အထိမြင့်တက်

ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းအား မေ ၂၀ ရက်က တစ်ဒေါ်လာလျှင် ၉၃၂ ကျပ်အထိ တိုးမြှင့် သတ်မှတ် လိုက်သည့်အတွက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၉၄၈ ကျပ်အထိ မြင့်တက်သွားကြောင်း သိရ သည်။

ဗဟိုဘဏ်မှ နေ့စဉ်ငွေလဲနှုန်း သတ်မှတ်ပေးရာတွင် မေ ၁၃ ရက်က တစ်ဒေါ်လာလျှင် ၉၀၄ ကျပ် သတ်မှ တ် ခဲ့ ရာမှ မေ ၁၄ ရက်က တစ်ဒေါ်လာ ကျပ် ၉၁၀ အထိ ဈေးဆွဲတင် သတ်မှတ်ခဲ့သည်။

ယင်းနောက် မေ ၁၅ ရက်တွင် ဗဟိုဘဏ် သတ်မှတ်ဈေးမှာ တစ်ဒေါ်လာလျင် ၉၁၉ ကျပ်အထိ ထပ်မံ တိုး တက်ခဲ့ပြီး မေ ၁၆ ရက်တွင် ဆက်လက်၍ တစ်ဒေါ်လာလျှင် ၉၂၉ ကျပ်အထိ ဆက်တိုက်တိုး၍ သတ်မှတ် လိုက် ရာ ဈေးကွက်အတွင်း ဒေါ်လာတန်ဖိုးမှာ အဆမတန် မြင့်တက်သွားသည်။

မေ ၁၆ ရက်က ပြင်ပတွင် တစ်ဒေါ်လာ ၉၃၇ ကျပ်အထိ မြင့်တက်သွားခဲ့သည်။ မေ ၁၇ ရက်တွင် ဗဟို ဘဏ်မှ တစ်ဒေါ်လာ ၉၂၉ ကျပ် (မေ ၁၆ ရက်ဈေး အတိုင်းသာ) သာ သတ်မှတ်ပြီး ဆက်တိုက်တိုး၍ သတ် မှတ် မှုအား ရပ်တန့်လိုက်သည့်အတွက် ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၉၃၄ ကျပ် အထိ ပြန်လည် ကျဆင်းသွားခဲ့သည်။

သို့သော် ယခု မေ ၂၀ ရက်တွင်မူ ဗဟိုသတ်မှ တစ်ဒေါ်လာ ၉၃၂ ကျပ် အထိ ထပ်မံမြှင့်တင် သတ်မှတ် လိုက် သည့်အတွက် ပြင်ပဈေးကွက်တွင်ပို၍ မြင့်တက်သွားသည်။ ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ငွေ လဲနှုန်းအား ဈေးမြှင့်တင်လိုက်သည့် ပမာဏမှာ တစ်ပတ်အတွင်း တစ်ဒေါ်လာလျင် ၂၈ ကျပ် အထိ ခုန် တက် လိုက်ခြင်း ဖြစ်သည်။

နေ့စဉ် ဗဟိုဘဏ်မှ လေလံတင်၍ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း သတ်မှတ်ပြီး အခြားဘဏ်များသို့ ရောင်း ချပေး ရာတွင် မေ ၂၀ ရက်က အမေရိကန်ဒေါ်လာ ခုနစ်သန်းအား ဗဟိုဘဏ်မှ ထုတ်ရောင်းပေးခဲ့ကြောင်း သိရ သည်။ ပုဂ္ဂလိကဘဏ်အချို့မှ ဗဟိုဘဏ်သို့ မေ ၂၀ ရက်က အမေရိကန်ဒေါ်လာ နှစ်သန်းအား ပြန်ရောင်း ခဲ့သည့်အတွက် ဗဟိုဘဏ်မှ အသားတင် ထုတ်ရောင်းသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ငါး န်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ ရွှေဈေးပြုတ်ကျပြီး နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး မာနေခြင်း၊ ပြည် တွင်း ရှိ ဒေါ်လာဝယ်လိုအား မြင့်တက်ခြင်း၊ ပုဂ္ဂလိက ဘဏ်အချို့မှ ဗဟိုဘဏ်၏ လေလံတွင် ဈေး ဆက် တိုက် မြှင့်ပေးနေခြင်းများကြောင့် ဒေါ်လာဈေး တက်လာခြင်းဟု ဆိုကြသော်လည်း ဈေးဆွဲ တင် မှုကြောင့် မြင့်တက်ခြင်းမှာ အဓိက အချက်အဖြစ် ရှိသည်ဟု သုံးသပ်ကြသည်။

Eleven

0 comments:

Post a Comment