ထိုင်း-မြန်မာ အကြား နယ်စပ်ကုန်သွယ်မှုလုပ်ငန်းတွေမှာ တိုးမြင့်ပူးပေါင်းဖို့၊ မြန်မာနိုင်ငံတွင်းက စက်မှုဇုန်နယ်မြေတွေ
မြန်မာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမယ့် ထိုင်းစီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာမယ့်သူကတော့ ဒုဝန်ကြီးချုပ် Somkid Jatusripitak ပဲဖြစ်ပါတယ်။ ယင်းဆွေးနွေးမှုတွေကိုတော့လာမယ့် ဖေဖော်ဝါရီ ၂ ရက်နဲ့ ၃ ရက်တို့မှာ လုပ်ဆောင်ဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံလာမယ့် ကိုယ်စားလှယ်အဖွဲ့မှာတော့ PTT Plc ၊Siam Cement Group နဲ့ Ch.Kanchang တို့က တာဝန်ရှိသူတွေပါဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံဘက်ကတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အထူးအကြံပေးတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
အလားတူ မြန်မာနိုင်ငံမှာ စက်မှုနယ်မြေတွေ ဖော်ဆောင်နိုင်မယ့် နည်းလမ်းတွေနဲ့ပတ်သက်လို့ ဆွေးနွေးဖို့အတွက် ထိုင်းစက်မှုနယ်မြေအာဏာပိုင်အဖွဲ့ IEAT လည်း ယင်းကိုယ်စားလှယ်အဖွဲ့နဲ့အတူ လိုက်ပါလာမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ခေတ်သစ်တစ်ခုထဲ ချဉ်းနင်းဝင်ရောက်နေပြီဖြစ်ကြောင်းနဲ့ ယင်းရဲ့ စက်မှုလုပ်ငန်းကဏ္ဍဟာတော့နိုင်ငံဖွံ့ဖြိုးမှုကို တွန်းအားပေးမောင်းနှင်တဲ့နေရာမှာ အဓိကကျနေတဲ့အတွက် ထိုင်းဘက်က ကျွမ်းကျင်ပညာပိုင်း အကူအညီတွေကိုမြန်မာဘက် ရယူသွားနိုင်မှာဖြစ်တယ်လို့ ထိုင်းစက်မှုဝန်ကြီးဌာန၀န်ကြီး Mr Uttama Savanayana က ပြောသွားပါတယ်။
ထိုင်းစက်မှုအသင်းချုပ်နဲ့ ကုန်သည်၊စက်မှု၊ဘဏ်လုပ်ငန်းဆိုင်ရာပူးပေါင်းကော်မတီတို့ကလည်း ယင်းကိုယ်စားလှယ်အဖွဲ့နဲ့အတူပါဝင်ဖို့ရှိနေပြီး မြန်မာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေ ရှာဖွေသွားမယ်လို့ သိရပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment