Thursday, February 2, 2017

WiMax အင်တာနက်လိုင်း ၀န်ဆောင်မှုကုမ္ပဏီ Red Link ရပ်ဆိုင်းမည်

WiMax အင်တာနက် ၀န်ဆောင်မှုကို ၂၀၀၈ ကစတင် ၀န်ဆောင်မှုပေးအပ်ခဲ့သည့် Red Link ကုမ္ပဏီသည် ၂၀၁၇ အ တွင်း ရပ်ဆိုင်းမည်ဖြစ်ပြီး ၎င်း၏ အင်တာနက်ဝန်ဆောင်မှုများကို ညီနောင်ကုမ္ပဏီ Global Tech-noloy ထံသို့ လွှဲပြောင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

WiMax ကို ရန်ကုန်၊မန္တလေး နှင့် ပုဂံဒေသ၌ ၀န်ဆောင်မှုပေးအပ်နေ ပြီးအသုံးပြုအရေအတွက် ထောင်ဂဏန်းရှိကြောင်း Red Link မှ သတင်းရရှိသည်။‘‘ဖေဖော်ဝါရီ လကုန်အထိပဲ WiMax ကို ၀န်ဆောင်မှုပေးတော့မယ်။ WiMax သုံးတဲ့လူတွေကို Global Technology ရဲ့ 5BB အင်တာနက်နဲ့ ပြောင်းပေးမယ်လို့ ကြေညာထားတယ်။ Red Link က Spectrum လိုင်စင်ရတဲ့ ကုမ္ပဏီစာရင်းထဲမှာ မပါတော့ အနှေးနဲ့အမြန် ၀န်ဆောင်မှုကို ရပ်ရတော့မှာဖြစ်ပါတယ်’’ ဟု Red Linkတာဝန်ရှိသူကပြောသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment