Monday, February 6, 2017

မြန်မာနိုင်ငံရဲ့ အထူးစီးပွားရေးဇုန်တွေမှာ သွားရောက်လုပ်ကိုင်ကြဖို့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေကို ထိုင်းအစိုးရတိုက်တွန်း

Image may contain: sky, cloud and outdoor
အိမ်နီးချင်း မြန်မာနိုင်ငံတွင်းက အထူးစီးပွားရေးဇုန်တွေ (SEZs) တွေ ဒါမှမဟုတ် စက်မှုနယ်မြေတွေအတွင်းမှာ လုပ်ငန်းတွေ သွားရောက်ထူထောင်လုပ်ကိုင်ကြဖို့ နိုင်ငံတွင်းက ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို တိုက်တွန်းပြောကြားမှုတွေ လုပ်ထားတယ်လို့ ထိုင်းအစိုးရက ပြောကြားလိုက်ပါတယ်။

ယခုအချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရာနေရာကြီးတစ်ခုအဖြစ် ပေါ်ထွက်လာနေတဲ့ အိမ်နီးချင်းနိုင်ငံမှာသွားရောက်လုပ်ကိုင်ကြဖို့ ထိုင်းအစိုးရဘက်က ဆန္ဒရှိနေတာဖြစ်ပါတယ်။

ထိုင်းအစိုးရ ဒုဝန်ကြီးချုပ် Somkid Jatusripitak ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်း မြန်မာနိုင်ငံကို လာရောက်ဆွေးနွေးမှုတွေ ပြုလုပ်သွားခဲ့တာတွေ ရှိခဲ့ပါတယ်။

ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ ပူးပေါင်းရေး ဆွေးနွေးပွဲတစ်ခုမှာတော့ ထိုင်းဒုဝန်ကြီးချုပ်က ပြောကြားရာမှာတော့ ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ကောင်းတဲ့ နေရာတစ်ခုအဖြစ် အလေးထားသင့်ကြောင်း၊ မြန်မာအနေနဲ့ လက်ရှိအချိန်မှာ လုပ်သားအင်အားပိုင်းနဲ့အတူ ကုန်ကြမ်းပစ္စည်းပေါများတဲ့ အခြေအနေတွေ ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

မြန်မာအစိုးရသစ်တက်လာပြီးနောက်ပိုင်း ပိုမိုပွင့်လန်းလာတဲ့ အခြေအနေအောက်မှာ ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလုပ်သင့်ကြောင်း ၎င်းက တိုက်တွန်းပြောကြားသွားပါတယ်။

" ဒီအချိန်က တကယ့်အချိန်ကောင်းပါ၊ အစိုးရသစ်အောက်မှာမြန်မာနိုင်ငံဟာဆိုရင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဖွင့်ပေးထားနေပါပြီ၊ အလားတူ အစိုးရသစ်အနေနဲ့ ပြည်တွင်းကစည်းမျဉ်းတွေ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်နေလျက်ရှိပါတယ်" လို့ ထိုင်းဒုဝန်ကြီးချုပ်က တိုက်တွန်းပြောကြားသွားပါတယ်။


Credit To >>> SFJ Strategy First Journal



0 comments:

Post a Comment